ဘယ်လောက်ဝေးဝေး
ငါ့အတွေးတွေထဲ
မင်း တစ်ယောက်ပါ..
ယုံကြည်ပါလို့
ထပ်ခါ ထပ်ခါ
ငါ မပြောရက်ဘူး...
ငါ့ ၀ိဥာဉ် ငါယုံတယ်..
ငါ့ လိပ်ပြာ ငါသန့်ခဲ့တယ်..
ပြီးတော့ ...
မင်းကိုလဲ ငါယုံတယ်....
ငါ့အချစ်တွေကို
သံသယတွေနဲ့ ဆေးခတ်မထားပါနဲ့...
အဲဒီအခါ
ငါ့မှာ ဒဏ်ရာတွေ ဗရပွနဲ့မို့ပါ..........:((
Type rest of the post here
Mar 30, 2008
ယုံကြည်ပါ...
သံသယ = ဓါး
ရဲရဲသာ နမ်းရှိုက်လိုက်ပါ...
မင်းအတွက်သာ
တစ်ဘ၀လုံးရင်း
မွှေးပျံ့ဆွတ်လွင့်ခြင်းပဲ
ပေးချင်သူပါ....
့ရဲရဲသာ ပန်ဆင်လိုက်ပါ...
မင်းအတွက်သာ
နှလုံးသွေးနဲ့ ချယ်
နန်းထိုက် တော်ဝင်တစ်ပွင့်
ဖြစ်ချင်သူပါ...
ငါ သာ မင်းအတွက်
အလှဆုံးပွင့်လန်းမယ်
အလှဆုံးသင်းပျံ့နေမယ်
ငါ အသက်ရှိနေသရွေ့
ပွင့်လွှာတွေ မခြောက်နွမ်းသရွေ့
နောင်အခါ....
ငါ့ကို ငြိုငြင်လို့
မပန်ဆင်ချင်တော့ရင်လဲ
မင်းထားခဲ့တဲ့လမ်းမှာ
ပွင့်လွှာတွေ မျက်ရည်ဖြစ်
အလွမ်းစမ်းချောင်းအဖြစ် စီးဆင်းမယ်......
........................................
ကြေကွဲရတယ်....အလွမ်းတွေတပွေ့တပိုက်ကြီးနဲ့သူကိုမှ စကားလက်နက်တွေနဲ့ ထိုးနှက်ရက်တယ်..
ချစ်သူအပေါ် သစ္စာ မဖောက်ခဲ့သလို သစ္စာလဲ မပျက်ခဲ့ဘူး...ဒါ ရင်ထဲက စကားပါ...
နားလည်အောင် ရှင်းပြနိုင်စွမ်း ငါ့မှာ မရှိပါဘူး...အလိမ်အညာ မပါတဲ့ စကားတွေအတွက် သံသယ ရှင်းစွာ
နားထောင်ပေးပါ...မင်း မယုံကြည်တဲ့နေ့ဟာ ငါ့ဝေဒနာတွေကို ကျောခင်းအိပ်တဲ့ နေ့ပဲ...
ဒီလိုနေ့ ၊ ဒီလိုည ငါ အိပ်စက်ရမှာ အကြောက်ဆုံးပဲ...
တောင်းပန်ပါတယ်...သံသယ ရှင်းရှင်းလေးပဲ ငါ့အတွက်ပေးပါ..
Mar 27, 2008
Send this eCard !
ချစ်သူလေးရေ...ဒီနေ့ ဘာနေ့လေးလဲ ဆိုတာရော သိရဲ့လား...
( ၂ ) လပြည့်သွားပြီနော်...ခုလိုနေ့လေးတွေ များများရောက်လာလေ ချစ်သူလေးနဲ့ နီးရမယ့် ရက်တွေ ပိုပို နီးနီးလာလေးပဲပေါ့ ...ဒီနေ့တော့ ချစ်သူလေးကို မတွေ့ရတော့ဘူးနော်...အရမ်းတွေ့ချင်နေတယ်..အရမ်းလဲ လွမ်းနေရတယ်...
Mar 22, 2008
Mar 19, 2008
အယောင်ဆောင်ည
အယောင်ဆောင်ညတဲ့လား
ကောင်းကင်လဲ မဖြာနိုင်
အမှောင်ထုသာ ပိုင်ဆိုင်ထားတဲ့ည...
ငါ့ အတွက်တော့
မိုးသောက်ကိုလဲ မမျှော်ချင်ဘူး
ဒီညမျိုးလဲ မပျော်ချင်ဘူး
ပြီးတော့
အာရူဏ်ကို မျက်ကွယ်ပြုဖို့
အိပ်ဆက်ခြင်းလဲ မပြုချင်ဘူး...
ဒါပေမယ့်
တောင်းဆု တစ်ခုတော့ ပြုချင်ပါရဲ့
ချစ်သူလာမယ်လမ်း မှန်းမျှော်ရင်းနဲ့.........
။။။။။။။။။ ချစ်သူလေးကို လွမ်းလိုက်တာဗျို့ ။။။။။။။။။
Mar 17, 2008
လွမ်းနေပြီကွာ...
ချစ်သူလေးရေ။ ကိုအရမ်းလွမ်းနေရပြီ။ ဘာလို့လဲကွာ။ ချစ်သူလေး မရှိရင် ကို မနေတတ်တော့ဘူး။ ကိုစိတ်တွေ အရမ်းလေ နေတယ်။ သိလား။ အရင်တုန်းကဆိုရင် အလွန်ဆုံး မတွေ့ရ ( ၂ ) ရက်ပေါ့။ ခုတော့ ရက် ( ၂၀ ) ကြီးတောင်။ အချိန်တွေရယ် မြန်မြန် ကုန်ပါစေလို့ပဲ ဆုတောင်းနေရတယ်။ ချစ်သူလေး အသံကိုလဲ အရမ်းကြားချင်တာ။ ချစ်သူလေး ဆီကို ဖုန်းဆက်မယ်လို့ ပြောပြီးတော့လဲ ဖုန်းမဆက်ခဲ့ရဘူး။ ဖုန်းကဒ်တွေက error ပြနေလို့တဲ့။ ဆက်လို့ မရဘူးတဲ့ကွာ။ ချစ်သူလေးက ကို့ အပေါ် အရမ်း အလိုက်သိတတ်တယ်နော်။ ချစ်သူလေး ပေးမယ့် လက်ဆောင်လေးကို မြင်ရတော့ အရမ်းကို ကြည်နူးရတယ်ကွ။ ချစ်သူလေး ကို့ အပေါ် အရမ်း ချစ်ပါလားဆိုတာလဲ အကြွင်းမဲ့ ယုံလိုက်တာ များ ဟိုးဘက်တောင် လွန်သွားသေးတယ်။ ချစ်ဇနီးလောင်းလေးက အရမ်းကို အလိုက်သိတတ်တယ်နော်။ ချစ်သူလေး ခေါင်းအုံးလေးကို ကိုင်ပြီး နမ်းနေတဲ့ ပုံလေးကို မြင်လိုက်ရတော့.......
ဟီး..ဟီး...။ စိတ်ထဲမှာ တမျိုးလေးပဲ။ သိလား။ ရင် အရမ်း ခုန်မိတယ်။ ပြီးတော့လဲ သူကပဲ ပြောလိုက်သေးတယ်။ ကို က သင်ပေးတာတဲ့လေ။ အေးပါကွာ။ ကို က ဆရာကြီးပေါ့။ ချစ်သူလေးကလဲ ဆရာမလေး မဟုတ်ဘူးလား။ အတူတူပါပဲကွာ။ အရမ်းလွမ်းတယ်ကွာ။ ခု ချိန်မှာ စာမရေးချင်ဘူး။ ချစ်သူလေးရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး အလွမ်းဖြေ နေတယ်။ ပြီတော့ ...ချစ်သူလေးကို ခိုးခိုး နမ်းနေတယ်။ အဲဒါ တကယ်... သိပ်ချစ်လို့... စိတ်မဆိုးနဲ့။
Mar 3, 2008
လွမ်းစိတ်
ုငါ လွမ်းတယ်..
ရင်ထဲမှာ လှိုင်းခတ်
ကမ်းကပ်ဖို့ ခက်တဲ့
ညတွေများ
စိတ္နယ္လြန္ကႊၽံ
အတွေးတွေ လဲ လွန်ပေါ့....
အချစ်ဆိုတဲ့ ...သခင်
အလွမ်း ဖန်ဆင်းရှင်လား..မသိ
ကမ်းလဲ မမြင်
လမ်းလဲ မထင်
မင်း အပြုံးတွေ သာ
ကျန်ထင်ရစ်နေရော့လား..
ဒီလိုနဲ့..
အတွေး မပြတ်
ဆေးဖြတ်ထားတဲ့ ညတွေလို
မင်း အပြုံးတွေကို
တရှိုက်မက်မက် ရှုသွင်း
ဝင်သက် ထွက်သက် တွင်းလဲ
ကျဆင်းခဲ့ပေါင်း များပြီ...ကောင်မလေးရယ်
ငါ အတွက်တော့
ည ဆိုတာလဲ မရှိ
နေ့ ဆိုတာလဲ မသိ
လွမ်းတဲ့ စိတ်ပဲ ငါရှိတယ်....
ပြီးတော့...
လွမ်းတဲ့စိတ်ပဲ ငါသိတယ်............။။။။။။။။။။