ရဲရဲသာ နမ်းရှိုက်လိုက်ပါ...
မင်းအတွက်သာ
တစ်ဘ၀လုံးရင်း
မွှေးပျံ့ဆွတ်လွင့်ခြင်းပဲ
ပေးချင်သူပါ....
့ရဲရဲသာ ပန်ဆင်လိုက်ပါ...
မင်းအတွက်သာ
နှလုံးသွေးနဲ့ ချယ်
နန်းထိုက် တော်ဝင်တစ်ပွင့်
ဖြစ်ချင်သူပါ...
ငါ သာ မင်းအတွက်
အလှဆုံးပွင့်လန်းမယ်
အလှဆုံးသင်းပျံ့နေမယ်
ငါ အသက်ရှိနေသရွေ့
ပွင့်လွှာတွေ မခြောက်နွမ်းသရွေ့
နောင်အခါ....
ငါ့ကို ငြိုငြင်လို့
မပန်ဆင်ချင်တော့ရင်လဲ
မင်းထားခဲ့တဲ့လမ်းမှာ
ပွင့်လွှာတွေ မျက်ရည်ဖြစ်
အလွမ်းစမ်းချောင်းအဖြစ် စီးဆင်းမယ်......
........................................
ကြေကွဲရတယ်....အလွမ်းတွေတပွေ့တပိုက်ကြီးနဲ့သူကိုမှ စကားလက်နက်တွေနဲ့ ထိုးနှက်ရက်တယ်..
ချစ်သူအပေါ် သစ္စာ မဖောက်ခဲ့သလို သစ္စာလဲ မပျက်ခဲ့ဘူး...ဒါ ရင်ထဲက စကားပါ...
နားလည်အောင် ရှင်းပြနိုင်စွမ်း ငါ့မှာ မရှိပါဘူး...အလိမ်အညာ မပါတဲ့ စကားတွေအတွက် သံသယ ရှင်းစွာ
နားထောင်ပေးပါ...မင်း မယုံကြည်တဲ့နေ့ဟာ ငါ့ဝေဒနာတွေကို ကျောခင်းအိပ်တဲ့ နေ့ပဲ...
ဒီလိုနေ့ ၊ ဒီလိုည ငါ အိပ်စက်ရမှာ အကြောက်ဆုံးပဲ...
တောင်းပန်ပါတယ်...သံသယ ရှင်းရှင်းလေးပဲ ငါ့အတွက်ပေးပါ..
Mar 30, 2008
သံသယ = ဓါး
စာစဉ်များ ။
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment