Mar 3, 2008

လွမ်းစိတ်

ုငါ လွမ်းတယ်..
ရင်ထဲမှာ လှိုင်းခတ်
ကမ်းကပ်ဖို့ ခက်တဲ့
ညတွေများ
စိတ္နယ္လြန္ကႊၽံ
အတွေးတွေ လဲ လွန်ပေါ့....
အချစ်ဆိုတဲ့ ...သခင်
အလွမ်း ဖန်ဆင်းရှင်လား..မသိ
ကမ်းလဲ မမြင်
လမ်းလဲ မထင်
မင်း အပြုံးတွေ သာ
ကျန်ထင်ရစ်နေရော့လား..
ဒီလိုနဲ့..
အတွေး မပြတ်
ဆေးဖြတ်ထားတဲ့ ညတွေလို
မင်း အပြုံးတွေကို
တရှိုက်မက်မက် ရှုသွင်း
ဝင်သက် ထွက်သက် တွင်းလဲ
ကျဆင်းခဲ့ပေါင်း များပြီ...ကောင်မလေးရယ်
ငါ အတွက်တော့
ည ဆိုတာလဲ မရှိ
နေ့ ဆိုတာလဲ မသိ
လွမ်းတဲ့ စိတ်ပဲ ငါရှိတယ်....
ပြီးတော့...
လွမ်းတဲ့စိတ်ပဲ ငါသိတယ်............။။။။။။။။။။

No comments: