Feb 27, 2008

ချစ်သူလေး...သို့

ချစ်သူလေးရယ်...ဒီနေ့ ဆိုရင် ကိုတို့ရဲ့ ချစ်သူသက်တမ်းလေး တစ်လ ပြည့်တဲ့ နေ့လေး ရောက်လာပြီနော်...အရမ်း ချစ်ခဲ့ရသလိုတယောက် နဲ့ တစ်ယောက်လဲ ကိုယ်စီ နားလည်မှုလေးတွေ ရှိခဲ့ကျတော့ ပျော်ရွင်စရာကောင်းတဲ့ ကမ္ဘာလေး တစ်ခုကိုပဲ တည်ဆောက်ထားသလိုလို.... အရမ်းပဲ ကြည်နူးရတယ် ချစ်သူလေးရယ်.... ချစ်သူလေးကို အရမ်းကို ချစ်ခဲ့ရတယ်....ကိုတို့ မျှော်လင့်ချက်လေးတွေ ပျောက်ပျက်သွားမှာကို လဲအရမ်းကို စိုးရိမ်မိတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ..ချစ်သူလေးကို ကို အမြဲတမ်း ချစ်နေမယ်...ဒါ ကို့ရဲ့ သစ္စာစကားပါ ချစ်သူလေး ရယ်...တခါတလေကျတော့လည်း တွေးမိတယ်...ကိုဘ၀က ချစ်သူလေးတို့ ဘ၀ထက် စာရင် အရမ်းကို ဆင်းရဲတယ်လေ...ချစ်သူလေး ကို့ ဘ၀ထဲကို တကယ်ရော ၀င်လာရဲပါ့မလားလို့ပေါ့.....ကို့ရဲ့ မဖြစ်စလောက် လစလေးနဲ့ ချစ်သူလေးအတွက် သိမ်ငယ်စရာ များဖြစ်နေမလားပဲ.... ဒီ blog လေးထဲက တဆင့် ကို့ ဘ၀ အကြောင်းကို ချစ်သူလေး သိစေချင်တယ်.... ကိုတို့ အသိုင်းအ၀ိုင်း က စည်းလုံးပေမယ့် ရွှေကြီး မျိုးကြီး မဟုတ်ဘူး... ကိုတို့ ဆီမှာ ဘွဲ့ ရခဲ့တာ ဆိုလို့ ကိုတို့ ညီအကို နှစ်ယောက်ရယ် ၊ အကို ၀မ်းကွဲ တစ်ယောက်ရယ် သုံးယောက်ပဲ ရှိတယ်... ကို့ မေမေဘက်ကရော. ဖေဖေ ဘက် ရော သာမာန် လက်လုပ်လက်စား သမားတွေက များတယ်။ ကို့ အိမ်က ပဲ နှစ်ဘက်စလုံးကို ကြည့် ရူ ခဲ့ရတာ.... ဒါပေမယ့် ကို ဘယ်တော့မှ ကို့ ဘ၀ကို သိမ်ငယ် တယ်လို့ မခံစားခဲ့ဖူးဘူး.... ငယ်ငယ်တည်းက ကိုရတယ့် မုန့် ဖိုးလေးနဲ့ မောင်နှမ ၀မ်းကွဲလေးတွေကို ပြန်မုန့်ဖိုးပေးခဲ့တယ်.. ကိုဘ၀ က မချမ်းသာ ပေမယ့် အသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်မဆင်းရဲခဲ့ရဘူး...ဘာလို့ လဲ ဆိုတော့ ကိုတို့ မိသားစု လေးကို အားလုံးက ချစ်ကြတယ်.... ဆွေမျိုးသားချင်းတွေ အားလုံးက နားထောင်တယ်....ကိုတို့ ညီအကို နှစ်ယောက်ကို အားလုံးက အလို လိုက်ကျတယ်... ကို အသိုင်းအ၀ိုင်းလေးက ကျဉ်းမြောင်းပေမယ့် ကို ဂုဏ်ယူရတယ်.....
အဓိကတော့ ကို့ ဘ၀ရဲ့ ပဲ့ ကိုင်ရှင်ဟာ ဖေဖေနဲ့ မေမေပဲ....ဖေဖေနဲ့ မေမေက ဆယ်တန်းတောင် မအောင်မြင်ခဲ့ ပေမယ့် ကိုတို့ ညီအကို နှစ်ယောက်ကို ဘွဲ့ ရပညာတတ် ဖြစ်အောင် သင်ကြား ပေးခဲ့တယ်...ဖေဖေနဲ့ မေမေက အတန်းပညာ မတတ် ပေမယ့် အသိပညာ တွေ ပေးခဲ့တယ်... ကိုတို့ မိသားစုလေးရဲ့ ထမင်းစား ပိုင်းလေးက အရမ်းကို ပျော်စရာ ကောင်းတယ်... အဲဒီ ထမင်းစား ၀ိုင်းလေးက ကို့တို့ ညီအကို နှစ်ယောက် ကို အသိပညာတွေ သင်ပေးတဲ့ အဓိက နေရာလေး တခုပေါ့... ဖေဖေနဲ့ မေမေက ကိုတို့ ကို ဘယ်တော့မှ မတင်းကျပ်ခဲ့ဘူး... ကို့ အသိစိတ်ဓါတ်နဲ့ လုပ်တတ်အောင်သာ ဘေးက ကြည့်ပြီး သင်ပေးခဲ့တာ... ကို စတက္ကသိုလ် မတက်ခင်အချိန် အထိ ပုံစံခွက်နဲ့ ကျွှေးတဲ့ ထမင်းနဲ့ ဟင်းကို စားခဲ့ရတာ.... ကို ခုချိန်ထိ အမြဲ အမှတ်ရနေတုန်းပဲ....
ဟင်းဆိုရင် ပန်းကန်နဲ့ မထည့်ဘူး... ထမင်းမန်းကန်ထဲကို စကေးနဲ့ ထည့်ပေးတာ... မေမေရယ်..ကိုကိုရယ်..ကို ရယ်က ဟင်း ၂ တုံး စားရတဲ့ အချိန်ဆို ဖေဖေကို မေမေက ၃ တုံး ထည်ံ့ပေးတယ်...ဖေဖေက ဘယ်တော့မှ ပိုမစားဘူး..ကိုတို့ ၃ ယောက်ကို ပိုတဲ့ ဟင်းတစ် တုံးကို တစ်လှည့် ဆီ ခွန့်ကျွှေးတာ... ကိုတို့ မိသားစုလေးကို လူတိုင်းက အားကျကျတယ်.... အရမ်းကို ချစ်ကြလို့တဲ့.....
ကို့ ဘ၀လေးက မချမ်းသာ ပေမယ့် စိတ်ဆင်းရဲ တယ်ဆိုတာ မရှိခဲ့ရဘူး.... ကိုတို့ လိုချင်တာ အားလုံးကိုလဲ မေမေ တို့ က ၀ယ်ပေး ခဲ့တယ်... ဖေဖေနဲ့ မေမေ စ အိမ်ထောင်ကျတော့ အရမ်းကို ဆင်းရဲတယ်တဲ့.... အဘွား အိမ်မှာ အဖီဆွဲပြီး နေရတာတဲ့.... ဖေဖေက အလုပ်ကြိုးစားတယ်... မေမေက အထိန်းအသိမ်းကောင်းတယ်...ဖေဖေက သူရတဲ့ လစကို မေမေကို အားလုံး အပ်ခဲ့တာလေ.. မေမေက လဲ အပိုအလိုမရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်.. ကိုတို့ ငယ်ငယ်တုန်းက ညီအကို နှစ်ယောက်စလုံးမှာ စုဗူးတွေ ကိုယ်စီ ၇ှိတယ်....
မေမေနဲ့ ဖေဖေ ပေးတဲ့ မုန်းဖိုးတွေရဲ့ တ၀က် ကို စုရတယ်...ဆယ်တန်းထိ မုန့် ဖိုး ၂၀ ပဲ ရတာ...ကျန်တဲ့ အချိန်တွေလဲ ပေးတာတော့ ရှိတာပေါ့... ချစ်သူလေး ကို ဘ၀ကို သိပြီး စိတ်ပျက်သွားပြီလား.... ကို အရမ်းပဲ လိုချင်ခဲ့တာက ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိတဲ့ မိသားစုလေး တစ်ခုကို အရမ်းကို လိုချင်တာ... ကို ကျန်တာ ဘာမှ မမက်မောဘူး... ဖေဖေနဲ့ မေမေတို့ က သုညက ဘ၀ကို စခဲ့တာ...
ခု ကိုဆီမှာ မိဘပေးခဲ့ အသိပညာ ၊ အတတ်ပညာ အမွေတွေကြောင့် ကို့ဘ၀ က သုညက စစရာတော့ မလိုတော့ဘူးပေါ့... ဒါပေမယ့် ချစ်သူလေး ကို့ ရင်ခွင်ထဲကို ၀င်လာတဲ့ အခါ ကျရင် ချစ်သူလေးကို စိတ်တိုင်းကျ ချမ်းသာ ကြွယ်ဝမှုမျိုး ပေးနိုင်အောင် တော့ ကို ကြိုးစားရဦးမှာ....ကို ပြောခဲ့တဲ့ အရာတွေ အားလုံးဟာ ကို့ ဘ၀ အမှန်တွေ ချည်းပါပဲ.... ဒါကို ချစ်သူလေး ဖေဖေနဲ့ မေမေ သိအောင် ပါ ပြောပြ ထားစေချင်တယ်.... အကြောင်း တမျိုးမျိုးကြောင့်ဖြစ်ဖြစ်၊ ဂုဏ်ပကာသန ကြောင့် ဖြစ်ဖြစ် ချစ်သူလေးနဲ့ ဝေးခဲ့ သွားခင်ရင်လဲ ကို အားလုံးကို ခွင့်လွတ်နေမှာပါ... ချစ်သူလေး ရွေးချယ်တဲ့ လမ်းဟာ အမှန်ပဲ ဖြစ်လိမ့်မယ်.... ချစ်သူလေးကို ကို သိပ်ချစ်ရတယ်.. ချစ်သူလေးကလဲ ကို့ကို သိပ်ချစ်တယ်... ချစ်သူလေးက လွဲပြီး ကို့မှာ အချစ်ဆိုတာ ဘယ်တော့မှ မရှိတော့ပါဘူး.....နောက်ထပ် ပေါ်မှာလဲ မဟုတ်တော့ဘူး..... ဒါ ကို့ ရင်ထဲက စကားတွေပဲ...
ချစ်သူလေး ကို့ ဘ၀ ထဲကို ရဲရဲတင်းတင်း ၀င်လာရဲပါ့မလားဆိုတာတော့............???????????

No comments: