Feb 2, 2008

မင်းကြောင့်…ငါ

ကဗျာဆရာက ပြောတယ်

အနုပညာဆိုတာ ခံစားတတ်မှ

အသက်ဝင်တာတဲ့……

ဒီလူမှာ အချစ်မရှိရင်ရော

ကဗျာ တစ်ပုဒ် ဖြစ်လာနိုင်မလား….

ဂီတဆရာက ပြောတယ်

အနုပညာဆိုတာ ခံစားတတ်မှ

အသက်ဝင်တာတဲ့……

ဒီလူမှာ အချစ်မရှိရင်ရော

သီချင်းတပုဒ် ဖြစ်လာနိုင်မလား….

ငါ့ရင်ထဲမှာတော့

အလွမ်းတွေ အပြည့်

အချစ်တွေ အပြည့်

ခံစားချက်တွေ အပြည့်

ဒီလိုဆိုတော့

မင်းအတွက်

ငါ …ကဗျာတစ်ပုဒ်

ငါဟာ သီချင်းတစ်ပုဒ်

ဘယ်တော့မှ မဆုံးဘူး…

ဘယ်တော့မှ မပြုန်းဘူး….

မင်းကြောင့် ငါရှင်သန်နေတာ

အပြစ်ကင်းကင်း

ထာဝရ ချစ်ခြင်းတွေနဲ့ပေါ့……..။

No comments: