Feb 9, 2008

Valentine's day ...မှသည် ♥♥♥





Valentine's day နေ့လေးက မကြာခင်မှာ ရောက်လာတော့မယ်နော်။ ချစ်သူများ အတွက် ထူခြား ကောင်းမွန်တဲ့ နေ့ထူးနေ့မြတ်လေးလဲ ဟုတ်မယ် ထင်တယ်။ ဒါပေမယ့် ကျွှန်တော် တနှစ်မှ မကြုံဖူးခဲ့ဘူး။ တကယ်ပြောတာပါ။ အရင်နှစ်တွေတုန်းက Valentine's day ကို အမှတ်ကို မထားခဲ့တာပါ။ သူများတွေ ချောကလက်တွေ ၊ လက်ဆောင် လှလှလေးတွေနဲ့ ပျော်ရွှင် မြူးတူးနေချိန်မှာ ကျွှန်တော်က ၀တ္ထု စာအုပ် တစ်အုပ် နဲ့ နှပ်နေတဲ့ အချိန်လေးပေါ့။ ချစ်သူများနေ့ရောက်ရင် ပျော်တော့ အရမ်းပျော်မိတယ်။ သူများတွေ ဆီက ချောကလက် ခိုးစားရလို့ပေါ့။ ဘာတန်ခိုးလဲတော့ မသိဘူး။ အဲဒီ ချောကလက်လေးတွေကို ကာယကံရှင်က ဘယ်သူကိုမှ မကျွှေးချင်တာ ဘာကြောင့်လဲ ဆိုတာ အရမ်းကို သိချင်ခဲ့တာ။ မကျွေးချင်တဲ့ မုန့်ကို ခိုးစားရတော့လဲ ပိုပြီး အရသာ ရှိတယ်လေ။ ဒါကြောင့် ခိုးစားတယ်။ ငယ်ငယ်တဲက ပေါင်းလာပြီး မရှိအတူ၊ ရှိအတူ စားလာတဲ့ သူငယ်ချင်းတွေတောင် တွန့်တိုကျတော့ တကယ်ပဲ မနာလို ဖြစ်မိတာ။ ဒီလောက်ထိ Valentine's day နေ့လေးက ချစ်သူရှိတဲ့သူတွေ အားလုံးကို စွဲဆောင်နိုင်လိမ့်ဆိုတာ လုံးဝကို ထင်မထားခဲ့တာ။ အဲဒီ အချိန်တုန်းက ကျွှန်တော့မှာလဲ အဖော်မမဲ့ ခဲ့ဘူးဆိုတာ ကိုယ့်ဘာသာတော့ ကိုယ်သိခဲ့ပါတယ်။ ဒါပေမယ့် ရင်ထဲမှာမှ မရှိတာ။ အဖြစ်သဲလွန်းတဲ့ သူတွေကို လှောင်လိုက် ၊ပြောင်လိုက်နဲ့ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူခဲ့ သေးတယ်။ ဒီလိုနဲ့ ဘာသာစကားသင်တန်း(ရ) က ချစ်သူများနေ့လေးကို နောက်ရင်း၊ပြောင်ရင်း၊ မုန့်ခိုးစား ရင်းနဲ့ပဲ ဖြတ်သန်းလာခဲ့တာ။ပျော်တော့ ပျော်စရာလေးပေါ့။ဒီလိုနဲ့ ၂၀၀၇ ရဲ့ ချစ်သူများနေ့လေးမှာ ငတက်ပြား မုန့်သူခိုးအဖြစ်နဲ့ပဲ ကျော်ဖြတ်ခဲ့တယ်။ ချစ်သူများနေ့ ဆိုတာ ဒီလိုလေးပဲပေါ့။
........................................................................................................................................................................
ဒီနှစ်လေးထဲရောက်တော့ ကိုယ့်ကိုကိုယ်တောင် မယုံနိုင်လောက်တဲ့ ခံစားမှုလေးက ရင်ထဲကို ၀ုန်းကနဲ၊ ဒိုင်းကနဲ ဆိုပြီး ခပ်ပြင်းပြင်းနဲ့ကို ၀င်ရောက်လာခဲ့တာ။ အ၀င်သွက်ပေမယ့် လုံးဝကို အနှုတ်ခက်တဲ့ အရာလေး တစ်ခုပေါ့။အဲဒီ အရာကို ကောင်မလေးတစ်ယောက်က ယူလာတာ။ ပြီးတော့ မပြောမဆိုနဲ့ ကျွှန်တော့ ရင်ထဲကို ရိုက်သွင်းသွားတာ။ မထူးဆန်းဘူးလို့ ထင်ခဲ့တဲ့ အပြုံးလေးရယ်၊ အသံလေးရယ်။ သူမ ထားခဲ့တာက ရိုးရိုးလေးပါ။ ကျွှန်တော့ ရင်ထဲမှာသာ ဆန်းဆန်း ပြားပြား ဖြစ်သွားခဲ့တာ။ ခက်တာက အဲဒီအရာလေးတွေကို ကျွှန်တော် စွဲလမ်းသွားခဲ့တာ။ သူများတွေက ပြောကျတယ်။ ချစ်တော့ ချစ်တယ်တဲ့။ဘာလို့ချစ်မှန်း မသိဘူးတဲ့။ အဲဒါ အချစ်တဲ့။ ကျွှန်တော်ကတော့ အဲလိုမဟုတ်ဘူးလေ။ သူ့အပြုံးလေးကို စွဲမက်ခဲ့တယ်။ သူ့အသံလေးကို တမ်းတ ခဲ့တယ်။ အဲဒီတုန်းက ကိုယ့်ကိုကိုယ်တောင် သံသယ ရှိခဲ့တယ်။ ကျွှန်တော်က ဦးတည်ချက်လေးနဲ့ ချစ်ခဲ့တာကိုး။ အချစ်ဆိုတာရော ဟုတ်ရဲ့လားပေါ့။ ဒါပေမယ့် လုံးဝကို ခိုင်မာတဲ့ ယုံကြည်ချက်လေးတွေက ကျွှန်တော့် ရင်ထဲကို စွဲစွဲ မြဲမြဲကို သပ် ရိုက်ထားခဲ့တာ။ သူကို ကျွှန်တော် လွမ်းတတ်နေပြီလေ။ သူ့အကြောင်း လေးတွေ တွေးတတ်နေပြီ။ အဲဒီအချိန်မှာ ကျွှန်တော့ ရင်ထဲက နတ်သမီးလေးက တရားစခန်းဝင် နေပြီလေ။ သူ များ ပြန်မလာတော့ဘူးလားဆိုတဲ့ အတွေးတွေနဲ့ ရင်ထဲမှာလဲ စိုးထိတ်နေရတယ်။ ဦးတည်ချက်လေး တစ်ခုနဲ့ ချစ်ခဲ့မိပေမယ့် ကျွှန်တော် သူ့ကို တကယ် မြတ်မြတ် နိုးနိုး ချစ်မိသွားခဲ့တာ။ သူပြန်လာတဲ့ အခါမှာတော့ ကျွှန်တော် သူကို လုံးဝ မခွဲနိုင်တော့ဘူးဆိုတာ သိခဲ့ရတယ်။ ကျွှန်တော် သူရဲ့ ဦးစားပေးခံရဆုံး အကောင်းဆုံး သူငယ်ချင်းလေး တစ်ယောက်ဖြစ်နေပြီလေ။ သူနဲ့ ဝေးနေရတဲ့ အချိန်မှာ ကျွှန်တော် လွမ်းနေရပေမယ့် သူနဲ့ တွေ့နေရတဲ့ အချိန်လေးတွေမှာ တကယ့်ကို ပျော်စရာလေးတွေပါ။ သူနဲ့ ဝေးရမယ့် အချိန်လေးတွေကို ကျွှန်တော် အရမ်းကြောက်တတ်နေပြီလေ။ ဒီလိုနဲ့ ရင်ထဲက ခံစားချက်လေးတွေကို blog လေး တစ်ခု အဖြစ် ဖန်တီးခဲ့တာ။
...........................................................................................................................................................................
ခုတော့လဲ ကျွှန်တော့ အိမ်မက်ထဲက နတ်သမီးလေးရယ်၊ blog လေးရယ်၊ ကျွှန်တော်ရယ် တကယ့် ကို ဘ၀လေး တစ်ခု ဖြစ်ခဲ့ပါပြီ။ ကျွှန်တော်ကို နတ်သမီးလေးက အအလေး တဲ့။ သိပ်ဟုတ်ပါတယ်။ ဒါပေမယ့် သူ့နဲ့ ဝေးရမှာ ကြောက်လို့သာ အနေခဲ့တာ။ ခုတော့လဲ အတော့ပါဘူး။ သူ့ကို ချစ်တဲ့ အချစ်တွေ နဲ့ ကျွှန်တော် လူတတ်လေး ဖြစ်နေပြီလေ။ ခုအချိန်မှာပဲ ဖြစ်ဖြစ်၊နောင် ဘယ်အချိန်ပဲဖြစ်ဖြစ် အချစ်ဆိုတာ ဘာလဲလို့ မေးခဲ့ရင် ကျွှန်တော် ရဲရဲတင်းတင်း ဖြေရဲသွားပြီ။ ဘာလဲ ဆိုတော့ အချစ်ဆိုတာ ကျွှန်တော် ချစ်တဲ့ ကောင်မလေး (အရူးမလေး ) အိမ်မက်ထဲက နတ်သမီးလေး ပဲလို့။ ဒီနှစ်လေးရဲ့ Valentine day လေးက ကျွှန်တော့် အတွက် အဓိပ္ပါယ် ပြည့်စုံတဲ့ နေ့လေး တစ်နေ့ ဖြစ်နေပြီလေ။ ရင်လဲ အရမ်းကို ခုန်နေမိတယ်။ ကျွှန်တော့်မှာ အရမ်းကို ချစ်ရတဲ့ ချစ်သူလေး တစ်ယောက် ရှိနေပြီ။ ကျွှန်တော် သူ့ကို အရမ်းချစ်တယ်။ သူလဲ ကျွှန်တော့်ကို အရမ်း ချစ်တယ်။ ဒီအချက်လေး တစ်ခုနဲ့တင် ကျွှန်တော်တို့ ဘ၀လေးက အရမ်းကို လှပနေတယ်။ ဘယ်တော့မှ ပျက်ပြယ် သွားမှာ မဟုတ်ဘူး ဆိုတာ ယုံကြည်တယ်။ လာမယ့် Valentine's day နေ့လေးမှ သည် နောင်နှစ်ပေါင်း များစွာ ထိ တည်တံ့နေမယ့် ကျွှန်တော်တို့ရဲ့ ချစ်ခြင်းတွေဟာ ဝေးနေရတဲ့ ခုလို အချိန်လေးမှာ အလွမ်းတွေနဲ့ သင်းပျံ့နေပေမယ့် နောင်တချိန်မှာ ပျော်ရွှင် ချမ်းမြေ့စရာ ကောင်းတဲ့ မိသားစုလေး တစ်ခုကို ဦးတည် နေတယ် ဆိုတာ ကျွှန်တော် ချစ်သော ချစ်သူလေးသာ သိရင်ရော ချစ်သူလေးလဲ ကျွှန်တော်နဲ့ ထပ်တူ ရင်ခုန်နေလိမ့်မယ် လို့.......
.....ကဲ .....ချစ်သူလေးရေ။
ကိုတို့တွေ ရင်ခုန်စွာနဲ့ပဲ Valentine's day လေးကို ကြိုဆိုလိုက်ရအောင်နော်.....
ကို ပြောထားတဲ့ Velentine day ရောက်ရင် ပေးမယ်ဆိုတဲ့ အရာလေးလဲ ယူဖို့မေ့နေဦးမယ်နော်။

No comments: