မြို့ပြ အလင်းတုတို့ကြား
ငါတစ်ယောက်တည်း
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
ထွေရာလေးပါး
စိတ်တွေ ပြေးလွားနေတာက
ချစ်သူရှိရာ
မန်းမြို့ ဆီကိုပါ…….
ငါ့ စိတ် ငါမပိုင်
ချစ်သူသာ ပိုင်တဲ့
ငါ့ ဘ၀ မို့
အလွမ်းတွေ ပေါက်ထွက်
အတွေးကမ္ဘာ ချောက်ထဲ
ကျခဲ့တာလဲ
ကြာလှပါပြီ……….
သူ့အပြုံးကို မြင်
သူ့ အသံကို ကြားရုံနဲ့
၇င်အစုံ
ဝုန်းဒိုင်းခတ်
အတွေးမပြတ် ညတွေလဲ
များခဲ့ပါပြီ………
မေ့ မရ
ဝေးနေရတဲ့
ဒီအချိန်မျိုး
ချစ်သူလက်ကို တွဲ
ကား မပါ
ဆိုင်ကယ် မဆီး
ခြေလျင် ခရီးလေးပဲ လျောက်ချင်တယ်
ကမ္ဘာကို ပတ်လို့ပေါ့………..။
No comments:
Post a Comment