ချစ်သူလေးရဲ့ နားလည်ပေးနိုင်တဲ့ စိတ်ထားကြောင့် ကို အရမ်းကို ကြည်နူးရတယ်ကွာ။ ကို ဖုန်းမဆက်တဲ့နေ့ ဆိုရင် ချစ်သူလေး အရမ်း လွမ်းနေမယ် ဆိုတာ ကို သိပါတယ်။ ဘာလို့လဲဆိုတော့ ကိုလဲ အရမ်းကို လွမ်းနေရတယ်လေ။ ကိုတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကို နားလည်မှု လေးတွေနဲ့ ဘောင်ခတ်ထားတော့ တကယ့် ငြိမ်းချမ်းတဲ့ ကမ္ဘာလေး တစ်ခုလို ပါပဲ။ ခုချိန်မှာ ဝေးနေရ ၊ ကိုယ်စီ လွမ်းနေရပေမယ့် နောက်တစ်ချိန်ကျရင် ပျော်စရာ ဘ၀လေး တစ်ခု ဖြစ်လာမယ်လို့ ကိုယ်တို့ ယုံကြည်ထား ရအောင်နော်။ ချစ်သူလေးကို ထားသွားရင် ....ချစ်သူလေးတော့ တကယ်ရူးမှာပဲလို့ ချစ်သူလေး ပြောခဲ့တော့ ကို တကယ် စိတ်မကောင်းဖြစ်ရတယ်။ ဒါမေမယ့် ကို့ ကို ယုံပါ ချစ်သူလေးရယ်။ ချစ်သူလေးကို ထားခဲ့ ၊မေ့ဖို့နေနေသာ ၊ခုလိုခွဲနေရတာ အချိန်မှာတောင် အရမ်းကို ခံစားနေရတာ။ အဲဒီလိုမျိုးအတွေးလဲ ကိုယ် ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ လုံးဝကို မစဉ်းစား ချင်ခဲ့တာ။ ချစ်သူလေးမှာ ပြောမရနိုင်တဲ့ အခက်အခဲတွေကြောင့် ထားခဲ့ ရင်တောင် ကိုယ် နားလည် ခွင်လွှတ်ပေးမှာပါ။ ချစ်သူလေးကို အရမ်းကို ချစ်ခဲ့မိတာ။ ချစ်လွန်းအားကြီးလို့ ပိုင်ဆိုင်ခွင့်ဆိုတဲ့ အတ္တနည်းနည်းလေး ရှိပေမယ့် ကို ချစ်သူလေး အပေါ် ထားခဲ့တာ အဖြူရောင် သက်သက် ချစ်ခြင်း မေတ္တာတွေပါ။ဘယ်တော့မှာ ပျောက်ပျက်သွားမှာ မဟုတ်သလို၊ ဘယ်အခါမှလဲ ယုတ်လျော့သွားမှာ မဟုတ်ဘူး။ ကမ္ဘာ တည်သရွေ့ မဟုတ်တောင် ကို အသက်ရှိနေသရွေ့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒီအတွေးတွေကိုလဲ ချစ်သူလေး ဘယ်တော့မှ မတွေးစေချင်ဘူး။ ဒါက ချစ်သူလေးကို စိတ်မဆင်းရဲ စေချင်လို့ပါ။ကို့အတွက်တော့ ချစ်သူလေး အမြဲတမ်း ပြုံးနေတာ မြင်ရင်ရပဲ သိပ် ပျော်နေရတာပါ။ ခုတော့လည်း အချိန် ဆိုတဲ့ တိုက်စားမှုအောက်မှာ ကြည်နူးစရာ အလွမ်းလေးတွေ ကိုယ်စီနဲ့တူနှစ်ကိုယ်ဘ၀လေး တစ်ခု ဖြစ်လာမယ့်နေ့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေအောင်နော်
ခွဲခွာဖို့ဆိုတဲ့ အကြောင်း ဘယ်တော့မှ မပြောကြေး....ဘယ်ခါမှ မတွေးကြေး...။
No comments:
Post a Comment