ချစ်သူ ...
မှန်သော စကားပါ
မင်း အကြင်နာ လက်ပေါ်
မေးတင်ပြီးမှတော့
တပါးသူ ရင်ခွင်ထဲ
ငါ ပြေးမ၀င်တော့ဘူး....
ချစ်သူ....
မှန်သော စကားပါ
ငါ၏ ချစ်ခြင်း
မင်း ရင်၌သာ
ထွင်းစေမယ်
တပါးသူထံ ပြေးဝင်
အချစ်တွေ မထင်စေရဘူး.....
ချစ်သူ
မှန်သောစကားပါ
ငါ့ ၀ိညဉ်
ိစိတ်အစဉ်တွေး
မင်းအကြောင်းနဲ့ ဝေးပြီး
တပါးသူထံ ခံစား
ငါ အလွမ်းလဲ မရောက်ခဲ့ဘူး......
ငါ့ကိုယ် ၊ ငါစိတ်
ငါ့ဘ၀ အရာအားလုံး
မင်းအတွက်သာ ရည်စူး
ငါ ..ကြည်ဖြူစွာ ပေးထားပါတယ်......
တကယ်လို့...
မင်းက ပစ်မုန်း
ငါ နဲ့ အဝေးဆုံးကို
ရှောင်ပုန်းသွားရင်လဲ
ငါ့ မျက်ရည် မင်းမမြင်ရအောင်
အပြုံးနဲ့ နှုတ်ဆက်
တိတ်တိတ်ကလေးနဲ့
နှုတ်ဆိတ်ပြီး ငါ ထွက်သွားပေးပါ့မယ်....
နောက်မှသာ
မထိန်းနိုင်
့ယိမ်းယိုင်နေတဲ့
မျက်ရည်ကို ချွေချ
နှလုံးသား အဆွေးပုပ်
အပြင်ကို ထုတ်လို့
မြေမြုပ် သဂြိုလ် ပစ်မယ်.....
ဒါပေမယ့် ..
ငါ့ မျက်ရည် မင်း မမြင်စေရဘူး........
နောက်ပြီး..
အာခေါင်ကို ခြစ်
အသံကုန် ဟစ်လိုက်မယ်..
မင်းကို ချစ်တယ်.....လို့.....။
Feb 12, 2008
မှန်သော စကား
စာစဉ်များ ။
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment