Feb 15, 2008

မင်းလိုကောင်

ရင်ထဲမှာ မွန်းကျပ်
စိတ်ဓါတ်ကျစရာ
ဒီလိုညပါလား...
ချစ်သူကို မျှော်လင့်ချက်ပေး
ဒီဖုန်းကဒ်လေးတောင်
ငါ ရအောင် မရှာနိုင်ခဲ့ဘူး...
ငါ စကား ငါမတည်
ဒီလိုလူ ဘာများ အသုံးကျခဲ့လို့လဲ...
ချစ်သူရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုး
ကြင်သူကို မစာနာ
သူ့နေရာ မင်းဝင်ကြည့်စမ်း....
စကားမတည်တဲ့ မင်းလိုကောင်
လက်ပြန်ကြိုး အထပ်ထပ်တုပ်
ခပ်စုပ်စုပ် အတွေးတွေကို
မြေမြုပ်
တောင်စွယ်ခို နေညိုမဆိုင်းပဲ
မသေမချင်း အသက်သွင်း
မင်း ဒါးစက်တွင်း ဆင်းသင့်တယ်...
အဲဒီအခါ ကျမှ
အသံကုန်ဟစ်
ချစ်သူကို ချစ်တယ်လို့ မအော်နဲ့
မင်းသာ သုံးစားမရတဲ့ ကောင်......

ဒီလိုည စိတ်အရမ်း ညစ်နေရတယ်..ကိုယ့်ကိုကိုယ် ဒီလောက် အသုံးမကျမှန်း သိရတော့တယ်။ ချစ်သူများနေ့မှာ ကို့ ချစ်သူက ကိုဆီကို လာတယ်။ ချောကလက်ကျွှေးသွားတယ်။ ကိုကတော့ ချစ်သူဆီ မသွားနိုင်ခဲ့ဘူး။ လူကိုယ်တိုင် သွားစရာမလိုတဲ့ ဒီအသံလှိုင်း ကွန်ယက်လေးနဲ့တောင် ဖြစ်ဖြစ် မြောက်မြောက် မလုပ်နိုင်ခဲ့ဘူး။ ချစ်သူအပေါ် ငါမတရားဘူး။ ကံကြမ္မာ ကလဲ မျက်နှာသာ မပေးဘူး။ ဒီဖုန်းကဒ်လေး တစ်ကဒ်တောင် ငါ မရှာနိုင်ခဲ့ဘူး။ မှာထားလိုက်သားနဲ့ မရတာလဲ ဘယ်သူ အသုံးမကျတာလဲ။ ဘယ်သူကိုမှ မထိုးချင်ဘူး။ ကိုယ့်ကိုကိုယ်ပဲ ထိုးချင်တော့တယ်။ မင်း တော်တော် သေသင့်တဲ့ ကောင်။

No comments: