Jan 31, 2008

အလွမ်းပြေ

ချစ်သူလေးရယ်....ဒီနေ့တော့ ငါ အရမ်းလွမ်းနေရတယ်ကွာ။ လက်မတင်လေးတင် လွဲပြီး မတွေ့ရတော့လဲ ပိုလွမ်းမိနေရပြီ။ ချစ်သူလေး ပြန်သွားပြီး နောက် နာရီဝက်လောက်ကြာမှ ငါ ကျောင်းက ပြန်ရောက်လာတာ။ စိတ်ထဲမှာ အရမ်းကို တွေ့ချင်နေတာ။ ချစ်သူလေး စောင့်နေတယ် ဆိုတာ သိပေမယ့် ငါ ပြန်မလာနိုင်ခဲ့ရဘူး။ စာမေးပွဲကို ချွေးသံ ရဲရဲ နဲ့ ကို ဖြေလာရတာ။ ဆရာမတွေ မေးတဲ့ မေးခွန်းတွေကို ကျားကုပ်ကျားခဲ နဲ့ပေါ့။ လူတွေ့ဖြေနေရပေမယ့် ငါ့စိတ်တွေ နင့်ဆီရောက်နေခဲ့တာ ။ချစ်သူအကြောင်းလေးသာ ပြောရမယ် ဆိုရင်တော့ အမှတ်ပြည့်ရမယ် ထင်တယ်။ အဆောင်ပေါ်ကို အပြေးတက်လာပေမယ့် ငါ မမှီလိုက်တော့ဘူး ..ကောင်မလေးရာ။ ဒါပေမယ့် ချစ်သူလေး ရေးခဲ့တာတွေ ပြန် ဖတ်ပြီးတော့လဲ အမောကို ပြေသွားတာပဲ။ ဒီလောက်တောင်ပဲ ကိုယ့်အပေါ် ချစ်ရလား ဆိုပြီး ဂုဏ်ယူမိတယ်။ ငါ အတွက် ချစ်သူလေးရဲ့ ချစ်ခြင်းမေတ္တာက လွဲပြီး ဘာမှ လိုပါဘူးကွာ။ ချစ်သူလေး သာ ရှိနေရင် ငါ့အတွက် အားလုံးပြည့်စုံပြီးသားပါ။ အရမ်းကို လွမ်းနေရတယ်ကွာ။ တွေ့ခွင့်ရမယ့် အချိန်လေးတွေကို ရင်ခုန်စွာနဲ့ စောင့်နေမိတယ်။ ချစ်သူများနေ့ လေးလဲ မကြာခင်ရောက်လာတော့မယ်နော်။ သူများချစ်သူတွေလဲ အတူလက်တွဲ မပျော်ရပေမယ့် တို့တွေ စိတ်ကူးလေးနဲ့ ရူးပြီး ပျော်လိုက်ကြမယ်နော်။ အဲဒီနေ့ကျရင် ချစ်သူလေးကို အနမ်းလေး ပေးရရင် ကောင်းမလားလို့ စဉ်းစားနေတာ။ ချစ်သူလေး ဆီက နားလည်မှု အရင် ယူရဦးမယ်နဲ့ တူတယ်။ ကဲ...ချစ်သူလေး သဘောကရော ဘယ်လို ရှိလဲ။ သိချင်လိုက်တာ။ ရင်လဲ ခုန်တယ်။ ချစ်သူလေးကို အရမ်းလွမ်း ၊ အရမ်းချစ်တယ်။ ဒီနေ့ မပြောလိုက်ရလို့ ဘလော့လေးထဲမှာ ထည့်ရေးလိုက်တာ။ရင်ခုန်ရလွန်း လို့ ရူးနေပြီ....ချစ်သူလေးရယ်။

ဆက်ဖတ်ဖို့...

Jan 29, 2008

ချစ်သူ....ဘာလုပ်နေလဲဆိုရင်

Photo Sharing




တမျိုးတော့ မထင်နဲ့နော်...အရူးမလေး online မှာ chat နေတဲ့ ပုံရိပ်လေးပါ။ ချစ်လွန်းအားကြီးလို့ ရိုက်ထားလိုက်တာ။ ဘယ်လိုလုပ် ဓါတ်ပုံထဲကို ရေ၀င် သွားလဲ မသိဘူး....ဟီး..။

ဆက်ဖတ်ဖို့...

ချစ်သူ..နားလည်စေချင်

ကောင်မလေး တစ်ယောက်ကို စချစ်ခဲ့တဲ့နေ့ကစပြီး ဘယ်သူ့ကိုမှ အသစ်သစ်တွေနဲ့ အချစ်စစ်တွေ ထပ် မဖြစ်တော့ဘူး ဆိုတာ ကိုယ်တိုင် အသိဆုံးပါ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မယုံသေးဘူးတဲ့။ ချစ်သူကိုတော့ကိုယ် အကြွင်းမဲ့ ယုံထားပါတယ်။ ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ သံသယ ဆူးငြောင့်တွေ မရှိ စေချင်ဘူး။ ချစ်ခဲ့တာ မေ့ဖို့မှ မဟုတ်ပဲ။ မုန်းဖို့လဲ မဟုတ်ဘူး။ သိပ်ချစ်တယ်ဆိုတဲ့ စကားကို များများပြောရင်ပေါ့သွားမှာ ဆိုးလို့သာ အထပ်ထပ် မပြောခဲ့တာပါ။ ရင်ထဲမှာတော့ အမြဲတမ်း ရှိနေပါတယ်။ ကို သတိရ၊ တမ်းတမိတဲ့ အခါတိုင်း ဒီ ဘလော့ လေးက ကို့ အတွက် အလွမ်းတွေကို ဖွင့်ချပြစ်နိုင်တဲ့ စိတ်ဖြေရာ နေရာလေးတစ်ခုပါပဲ။ ချစ်သူက ဘလော့လေးကို လာကြည့်တဲ့ အခါတိုင်း အရမ်းကို ပျော်ခဲ့ရပါတယ်။ ချစ်သူအတွက် ရည်ရွယ်ပြီး ရေးထားတော့လည်း ချစ်သူကိုဖတ်စေချင်တယ်။ ချစ်သူ ကိုယ့်အပေါ် နားလည်စေချင်တယ်။ ချစ်သူကို စချစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မေ့ဖို့လဲမတွေးချင်ခဲ့ဘူး။ မုန်းဖို့လဲ မရည်ရွယ်ဘူး။ ဖြူစင်တဲ့ မြတ်နိုးမှုတွေ ၊ သန့်စင်တဲ့ အကြင်နာ တရားတွေပဲ ပေးချင်ခဲ့တာပါ။ နောင် အနာဂတ် များစွာ အထိ တို့ အချစ်တွေ တည်တံ့ရအောင်နော်။ ခုလို လူချင်းဝေးနေရပေမယ့် နှလုံးသားချင်းပေါင်းစပ်ထားတဲ့တို့နှစ်ယောက်ဘ၀လေးကချစ်သူများရဲ့ဆုံဆည်းရာ
နေရာလေးတစ်ခုကို တနေ့ ရောက်လာမှာပါ။

ရုူးလောက်အောင် ချစ်ကြတဲ့ ကိုတို့ ချစ်ခြင်းတွေက ဘယ်တော့မှ ပျောက်ပျက်မသွားဘူးဆိုတာ ကို ယုံကြည် တယ် ကောင်မလေးရယ်။ ကိုတို့ နှစ်ယောက် ဘယ်လို အတားအဆီးအဖြစ် အကြင်နာ လက်တွဲထားပြီး အားလုံးကို ကျော်ဖြတ်ရအောင်နော်…။

ဘယ်တော့မှ ဒူးမထောက် လက်မမြှောက်ကြေး…။




ဆက်ဖတ်ဖို့...

အချစ်ပြိုင်ပွဲ

အိမ်မက်ထဲထိတောင်

ခိုးခိုးပြီး နှိုးတတ်တဲ့

မင်းလေးကို

ငါ နံမည်လေး တခု

ပေးချင်တယ်

….အိမ်မက် သခင်…လို့ပေါ့..။

အတွေးထဲထိတောင်

ခိုးခိုးပြီး စိုးမိုးတတ်တဲ့

မင်းလေးကို

ငါ နံမည်လေး တခု

ပေးချင်တယ်

…အတွေးသခင်…လို့ပေါ့..။

ကဲ…ကောင်မလေးရေ...

မင်း နဲ့ ငါ

အမုန်းတွေ မလာ

မချစ်တွေသာ ပါတဲ့

ပြိုင်ပွဲလေး တခု စလိုက်ရအောင်..

တို့ရဲ့ အချစ်တွေနဲ့

အရာရာကို တောက်ပစေမယ်

နောင် နှစ်ပေါင်းများစွာ အထိ..

ဒူးမထောက် လက်မမြှောက်ကြေး….။

ဆက်ဖတ်ဖို့...

Jan 28, 2008

ချစ်သူ …သိစေ


သံယောဇဉ် မျိုးစေ့လေး
သူ နဲ့ ကိုယ် ကြည်ဖြူလို့
တူနှစ်ကိုယ် လက်တွဲ
ရင်ထဲမှာ စိုက်ပျိုးခဲ့ကြတယ်…..
မျှော်လင့်ချက် နဲ့ ပေါင်းသင်
အလွမ်းတွေနဲ့ ရေလောင်းလို့
ဒီ သစ်ပင်လေး ကြီးထွားခဲ့ပေါ့…..
ခုတော့လဲ
အကိုင်းအခက်တွေနဲ့ ဝေေ၀ဆာ
ကြည်နူးစရာ နိဗ္ဗာန်လေး တခုပါပဲ..
ငါ တို့ရဲ့ ချစ်ခြင်းတွေကို
ဘယ်သူ ခွဲခွဲ
အစဉ်မြဲနေအောင်တော့
နားလည်မှုလေးတွေနဲ့
ကာရံထားဖို့ လိုတယ်….
ကောင်မလေးရယ်
မင်းအတွက် ဆိုရင်
အပြစ် ကင်းကင်း
သံသယရှင်းရှင်းနဲ့
မြတ်နိုးခြင်းတွေပဲ
ပေးမယ့် သူပါ
မင်း…ယုံကြည်စွာ လက်ခံလိုက်ပါနော်…..။

ဆက်ဖတ်ဖို့...

စာမေးပွဲ မှာ


ငါ ဒီနေ့ စာမေးပွဲ သွားဖြေရမယ်..အရူးမလေးရာ။ မနက်ပိုင်းစောစောထခဲ့ပေမယ့် ငါစလုပ်တာက ဘလော့လေးရယ်. နင့်ရဲ့ nick ကလေးရယ် ငါ ပထမဦးဆုံး စဖွင့်ခဲ့တာပဲ။ နင့်ကိုအရမ်းသတိရနေလို့ပါ။ ဒီနေ့ နင်မလာဘူး ဆိုတာ သိပေမယ့် နင့်ကိုမျော်နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်မှန်း သိပေမယ့် ငါ နင် နဲ့ တွေ့ချင်နေတာ။ ၁ ပတ်မှာ ၂ ရက်လေးသာ တွေခွင့်ရတဲ့ နင် နဲ့ ငါရဲ့ အချိန်လေးတွေက အရမ်း နည်းလွန်း
တယ်နော်။ နင့်ကို ငါ အချိန်တိုင်း တွေ့ ချင်နေတာ.. ကောင်မလေးရာ။ ငါ မလွန်ပါဘူးနော်။ နင်ရော ဘယ်လို ခံစားနေရလဲဟင်။ နင်ပြောလိုက်တဲ့ စကားလေးကို ငါ ကြားဖြစ်အောင်သွားခဲ့တယ်ဟ။ နင်သိလား။ နင်က ငါကို ရူးလောက်အောင် ချစ်တယ် တဲ့။ ငါ လဲ နင့်ကို ရူးလောက်အောင်ကို ချစ်နေခဲ့တာပါ …အရူးမလေးရာ။ ငါ
အ ရမ်း ပျော်ခဲ့ရတာပါ။ အချိန်တိုင်းတွေ့နေချင်တယ် ကောင်မလေးရယ်။ ငါ စာမေးပွဲ မှာ နင့် အ ကြောင်း လေးတွေကို အားရပါရ ဖြေခဲ့မယ်နော်။

ဆက်ဖတ်ဖို့...

Jan 27, 2008

ကောင်လေး ကိုယ်စား

ဒီနေ့လေးက ကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ယောက်ရဲ့
အမှတ်တရနေ့လေးပါပဲ။ ကောင်လေးရော ကောင်မလေးလေး
ရောအရမ်းကို ပျော်နေကျတယ်လေ။ ကောင်မလေး ဆီမှာ မိုး
တွေက ရွာ၊ကောင်လေးဆီမှာက နှင်းတွေ ကျလို့ပေါ့။ ကောင်မ
လေးက ကောင်လေးကို ချစ်တယ်လို့ ကောင်လေးက ယုံကြည်
တယ်။ ဘာလို့လဲဆိုတော့ကောင်လေးကဲ တကယ် ချစ်ခဲ့တာကိုး။
ချစ်တယ်လို့ မပြောခဲ့တဲ့ ကောင်မလေး ရင်ထဲမှာ ဘာတွေ
ဖြစ်နေလဲ ဆိုတာ ကောင်လေး သိနေတယ်။ ကောင်မလေးက
သူ့ကို ပြောဖူးတယ်လေ။ ကောင်မလေး နဲ့ ကောင်လေးက
စိတ်ချင်း အတူတူ ပဲတဲ့။ ခံစားမှုချင်း တူကြတာပေါ့။ ဒါပေမယ့်
သူမ က ကောင်လေးကို မယုံသေးဘူးတဲ့။ ကောင်လေးက ဘယ်လို
ပြောရမှာလဲ………..ကောင်လေးကတော့ သူမ လုံးဝ ယုံလာလိမ့်မယ်
လို့ ယုံကြည်ထားတယ်လေ။ ဘာလို့လဲ ဆိုတော့ ဒိုင်ယာရီ စာအုပ်
လေး တစ်ခုရှိတယ်လေ။ ဒီစာအုပ်လေးကို ကောင်မလေး ဖွင့် ကြည့်
တိုင်း သူ ဘယ်လောက်ထိ ချစ် သလဲ ဆိုတာ ကောင်မလေး သိလာ
လိမ့်မယ်။ ကောင်လေးအတွက်တော့ ဘယ်တော့မှ ပျက်ဆီးမသွားမယ့်
ချစ်ခြင်းများနဲ့ ဒိုင်ယာရီလေးပေါ်မှာ ထာဝရ ချရေးနေမှာပါ။ ကောင်လေး
နဲ့ ကောင်မလေး နောင် ဆုံဖက် ပြီးသားမြေးရတဲ့ အထိတောင်
သူတို့ ရဲ့ ဖြစ်စဉ်လေးတွေကို ဖော်ဆောင်သွားမဲ့ ချစ်ခြင်း အဘိဓာန်လေး
တစ်အုပ် ဖြစ်နေမှာပါ။… ထာဝရ အတွက်ပါတဲ့…ကောင်လေးက ပြောနေတယ်။

ကဲ….အရူးမလေးရေ…ငါကတော့ ကောင်လေးကို ယုံကြည်တယ်ဟာ……

နင်ရော ဘယ်လိုထင်လဲ… အရူးမလေးရ။ ငါကတော့ ကောင်လေးကို

သနားနေပြီနော်။ကောင်မလေးက အချိန်ဆွဲ ထားလို့ပေါ့။ ကောင်လေးက

ကောင်မလေးကို တကယ် ချစ်ရတာပါ။ ငါ သိနေတယ်………..။

ဆက်ဖတ်ဖို့...

လိုအပ်ချက်


ချစ်သူ မျက်နှာ

ပြုံးလဲ့ ဝေဆာ

ကြည်သာ ရွှင်အေး

ရင်မှာ နွေးသည်

ဘယ်သော အခါ

မမေ့ပါ………….။

ချစ်သူ အနမ်း

တမ်းတ ခါခါ

ကြင်နာ ပိုက်ထွေး

ရင်မှာ အေးသည်

အချိန် တိုင်းသာ

ရချင်တာ………။

သို့လေသော်လည်း

ချစ်သူ အမုန်း

သူ ရွယ်သုံး

ဘယ်သော အခါ

မရလိုပါ……..။

ဆက်ဖတ်ဖို့...

Jan 26, 2008

ဘလော့ ဖွင့်ပွဲ


မင်းပြုံးနေတာ ငေးကြည့်ရင်းနဲ့ပဲ ဒီနေ့လေးမှာ ငါရဲ့ ဘလော့လေးက အသက်ဝင် သွားခဲ့ပါပြီ။ ကျေးဇူးပါ ကောင်မလေးရယ်။ နင်က ငါကို ချစ်တယ်လို့ မပြောပေမယ့် ငါ ကျေနပ်ရပါတယ်။ နင် အတွက် ရည်စူးပြီး ရေးထားတဲ့ ဘလော့လေးကို ငါ ပြလိုက်ရလို့ပေါ့။ နင် ဒီနေ့ သိပ်လှတာပဲ။ နင့် အပြုံးလေးတွေက လှတယ်။ နင့် မျက်ဝန်းလေးတွေက လှတယ်။ နင့် ရိုးသား ဖြူစင်မှုလေးတွေက တကယ် ကြည်နူးစရာလေးတွေနော်။ ငါ ထာဝရ မေ့ လို့မရတဲ့ အရာအားလုံးကို နင်က အပိုင်ယူထားတာပဲ။ နင့်ကို သိပ်ချစ်ရပါတယ် ကောင်မလေးရယ်။ အရမ်းလဲ လွမ်းနေရတယ်။ နင်က ငါဖွင့်ပြောမယ် ဆိုတာကို ကြိုသိနေတယ်တဲ့။ ငါ တော်တော်
ညံ့သေးတာပဲနော်။ ဘာပဲ ဖြစ်ဖြစ်ပါ။ ငါ တကယ် ချစ်နေမိတယ် ဆိုတာတော့ နင် ယုံကြည်ရဲ့လား… ကောင်မလေးရယ်။ ခု ငါ့ ဘ၀ထဲကို ဘလော့ ဒိုင်ယာရီလေး တစ်အုပ်ရယ်၊
နင်ရယ် ရောက်လာခဲ့ ပြီလေ။ ဒီဘလော့ လေးက ဘယ်သော အခါမှ ပျက်ဆီးသွားမှာ မဟုတ်သလို ၊ နင့်အပေါ် မြတ်နိုးတွယ်တာမှုတွေကလဲ ဘယ်တော့မှ ယုတ်လျော့သွား မှာ မဟုတ်ဘူး။ ဘလော့လေးထဲမှာ Post လေးတွေ တိုးလာသလို၊ နင့်ကို ချစ်တဲ့ အချစ်တွေကလဲ တိုးသထက်သာ တိုးလာမှာပါ ကောင်မလေးရာ။
ငါ ဒီညတော့ မပျော်ဘူး ကောင်မလေးရာ။ နင်ဆီကို ငါ ဖုန်းဆက်ခဲ့တယ်။ ဒါပေမယ့် ဖုန်းကိုင်မဲ့သူ မရှိဘူးလားဟာ။ နင် ဘယ်သွားနေတာလဲ။ ဒါမှမဟုတ် နင် အလုပ်ရှုပ် နေလို့လား။ နင့် မိဘတွေများ မိသွားလို့လား။ စိုးရိမ်ရပါတယ်…ကောင်မလေးရယ်။ ည ( ၉ ) နာရီမှာ ပြောမယ် ဆိုတဲ့ နင့်စကားလေးကို ငါ အရမ်း ကြားချင်နေတာ။ ငါ နင်ရောက်လာမယ့် မနက်ဖြန်လေးကို စောင့်နေတယ်။ ဒီဘလော့လေးနဲ့ ငါ့ရင်ခွင်က နင့်အတွက် ထာဝရ တံခါး ဖွင့်ထားပါတယ်…..ကောင်မလေးရယ်။

ဆက်ဖတ်ဖို့...

Jan 25, 2008

နှင်းများကြားမှ….ရင်ခုန်သံ

တွေးရင်းနဲ့ပဲ ကောင်လေးမျှော်တဲ့ နေ့လေးတနေ့က မျက်စိခဏမှိတ်ပြီးတာနဲ့ ရောက်လာတော့မယ်နော်။ ကောင်လေးရော ဒီည အိပ်လို့ ရပါ့မလား ။ ကောင်လေး ရင်ထဲမှာ ကုလားဘုရား ဒုန်းဆိုင်းနေပြီ ထင်ပါရဲ့။ ကောင်လေး သူမကို ချစ်နေမိတာ ။ ကောင်လေး ရူးနေတာ။ ဒါကိုရော သူချစ်သော ကောင်မလေး သိပါ့မလား။ ကောင်မလေးများ သူ့ကို မုန်းသွား မလားလို့ အတွေးတွေက ကြီးစိုးနေလိုက်တာ။ ကောင်လေး တကယ့်ကို ရင်ခုန်နေရပါပြီ။ ကောင်လေး စိုးရိမ် ပူပန်မှုတွေက အထွတ်အထိတ်ကို ရောက်နေပြီလေ။ မနက်ဖြန် ကောင်မလေး မြင်ချင်တဲ့ နှင်းတွေက တဖွဲဖွဲ တသဲသဲ နဲ့။ ကောင်မလေး လာမယ့် လမ်းကို လှမ်းကြိုနေ သယောင်ယောင်။ ကျောင်းက ပြန်တော့ နှင်းတွေက လမ်းပေါ် မှာ အပြည့်ပဲလေ။ ဖိနပ် မြုပ်မတတ် နှင်းတွေထဲ ကောင်လေး ရုန်းရင်း ကန်ရင်းနဲ့ပဲ ။ ပျော်စရာလဲ ကောင်းသလို လွမ်းစရာလဲ ကောင်းရပြန်တယ်။ ကောင်လေး သတိရမိတာက သူချစ်သော ကောင်မလေး ကိုပေါ့။ နှင်းတွေကို မြင်ရင် အရမ်းသဘောကျနေတဲ့ ကောင်မလေး။ နှင်းတွေ မြင်ချင်လို့တဲ့ ကောင်မလေးက ပြောတော့ ကောင်လေးက ပြတင်းတံခါး ဖွင့်ပြီး ကောင်မလေးကို ပြခဲ့တာလေ။ လက်တွေ့ မပြနိုင်တော့ webcam လေးနဲ့ ပေါ့။ သူပျော်နေတာကို ကြည့်ပြီး ကောင်လေး လဲ ပျော်ခဲ့ရတာပေါ့။ ကောင်လေးက ပျော်စရာလေး တွေပဲ ကောင်မလေးကို ပေးချင်တာပါ။ ဒါကို ကောင်မလေးလဲ သိလောက်ပါတယ်။ အဲဒီ အချိန်က ကောင်လေး တကိုယ်လုံး တစပ်စပ် တုန်နေတာ။ ကောင်မလေးက သူ့ ကို ကြည့် ပြီး ရီတယ်လေ။ ကောင်လေး ပြန်ရီိပြပေမယ့် Keyboard နဲ့ တောင် typing မရိုက်နိုင်တော့တဲ့ ကောင်လေးရဲ့ လက်ကို ကောင်မလေး မြင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်လေး အရမ်းပျော်တယ်။ ကောင်လေးက သူမရဲ့ ပျော်ရွှင် မှုလေးတွေမှာ စီးမျောနေတာလေ။ ကောင်မလေး ပျော်ရင် ကောင်လေးက အလိုလို ပျော်နေတာ။ မနက်ဖြန် ကောင်မလေး ရောက်လာတော့မယ်။ ကောင်လေးနဲ့ အနီးဆုံးနေရာကို ရောက်လာမလား၊ ကောင်လေးနဲ့ အဝေးဆုံးကိုပဲ ထွက်ပြေးသွား မလားဆိုတာ သူချစ်သော ကောင်မလေး တစ်ယောက် ပဲ သိမှာပါ။ ဒါကို တွေးမိတိုင်း ကောင်လေး ရင်ခုန်နှုံးတွေက ပိုပို မြန်လာလေပဲလေ။ ကောင်လေး မျှော်လင့်သော အတွေးလေးတွေသာ အမှန်တကယ် ဖြစ်လာမယ် ဆိုရင်……………………

ဆက်ဖတ်ဖို့...

Jan 24, 2008

သူ့ တစ်ယောက်..သာ

စာမေးပွဲတွေ ဖြေနေရတဲ့ ကြားထဲက အရူးမလေးကို လွမ်းနေမိတယ်။ ငါ နင့်ကိုပဲ အချိန်တိုင်း သတိရနေတယ် ဆိုတာ နင် ယုံပါ့ မလား ကောင်မလေး ရာ။ ငါ တကယ် ရူးနေတာ ။ မင်း ရဲ့ စကားသံတွေ ကိုမှ မကြားရတဲ့ နေ့ဆိုရင် ငါ တကယ် စောင့်တည်ရာ မရ ဖြစ်နေမိတာ။ နင် ကတော့ ဘယ်လိုသဘောထားလဲ မသိဘူးဟာ။ ငါ ရင် ထဲ မှာတော့ နှလုံး ခုန်နှုံးတွေ ပို မြန်နေမိတယ် ။ နင့်ကို သိပ် ချစ်သွားမိတာ။ နင်ရောက်လာမယ့် စနေနေ့လေးက တဖြည်းဖြည်း နီးကပ် လာလေ ငါ ရင်ခုန်မိလေပဲ ဟာ။ နင့် ဆီက ထွက်ပေါ်လာမဲ့ စကားလုံးလေးက ငါ တို့ နှစ်ယောက်ရဲ့ အနာဂတ်လေး တခုကို တောက်ပ ဖြာလင်းလာအောင် လုပ် နိုင် သလို၊ ငါ့ နှလုံးသား ကို ထိုးဖောက်ခွဲထွက် ပစ်မဲ့ ဓါး တလက်လဲ ဖြစ်လာ နိုင်တယ် နော်။ ငါ စိုးရွံ နေရတယ်။ ထိတ်လန့်နေရတယ် …အရူးမလေးရာ ။ နင် နဲ့ ငါ မဝေးချင်ဘူး ။ နင် သာ ငါကို မုန်းသွား ရင် ငါ တကယ် ရူးသွားမှာ။ နင်ကရော ငါ ကို ခွဲသွားမှာလား။ ငါ နင့်ကို ချစ်နေမိပြီ ဆိုတာရော နင် ရိပ်မိရဲ့လား။ မသိချင်ယောင်တော့ မဆောင်ပါနဲ့ ဟာ။ ငါ တည်ဆောက်ချင်တဲ့ ဘ၀လေးမှာ နင့် တယောက်ကိုပဲ ဘ၀ လက်တွဲ ဖေါ် အဖြစ် သတ်မှတ် ထားခဲ့ လို့ပါ ။ ငါ သိပ်ချစ်တဲ့ နင့် ကိုပဲ ပိုင်ဆိုင်ချင်တာ အပြစ် မဟုတ်ပါဘူးနော်။ ငါ နင် နဲ့ တွေ့ ရမယ် စနေ နေ့လေးကို ရင် ခုန်စွာ နဲ့ စောင့် နေတယ်…..အရူးမလေး ရေ ။

ဆက်ဖတ်ဖို့...

Jan 23, 2008

အလွမ်း...ည

နွေ ခေါင်ခေါင်ထဲ
အလွမ်းတွေ ခမ်းခြောက်လဲ
ခမ်းခြောက် ပစေပေါ့……..
မင်း ထီးလေး နား
ငါ အပြေး ရောက်လာနိုင်သေးတယ်…..
မိုး ၀ဿန်ထဲ
အလွမ်းတွေ ဗွက်ပေါက်လဲ
ပေါက် ပစေပေါ့…..
ချစ်သူ ရှိလာ လမ်း
ငါ မှန်းမျှော်နိုင်သေးတယ်…………..
ဆောင်းညတွေ ထဲ
အချမ်းဒဏ်တွေ ကဲလဲ
ကဲ ပစေပေါ့
မင်း ရင်ခွင်ကြား
ငါ မှေးဆက်နိုင်ဦးမယ်………….
ခုများတော့လဲ….
ရေမြေ ချောင်းခြား
နိုင်ငံ ခြားနေတော့
အလင်းဖြာကျင်း
ဒီ …မော်စကို ညတွင်းလဲ
ခန္ဓာ ပျောက်ဆုံး
အမှောင် အတိ ဖုံး လို့
အလွမ်းတွေ အေးခဲ
အလွမ်းတွေ ပူဆဲ
အလွမ်းတွေ စိုရွှဲ..
ငါ တော့..
မိုးလား..နွေလား..ဆောင်းလား..
ဘာဆို ဘာမှ မသိ
မင်း ကို ချစ်တာပဲ ….ငါ သိတယ် ,,,,,,,,

ဆက်ဖတ်ဖို့...

Jan 22, 2008

လွမ်းသူ့ ဒဏ်ရာ


မြေပြင်ပေါ်မှာ
နှင်းတွေလဲ ….ကြွေလို့
ငါ့ ရင်ထဲလဲ
အလွမ်းတွေ….ဝေလို့
ခါးသီးတဲ့ နေ့ရက်တွေက
ဘယ်အခါထိ များဦးမလဲ မသိဘူးနော် ။
တွေ့ခွင့် မရလို့
ဝေးလွှင့်ရတဲ့
ငါ နှလုံးသားလေးလဲ
မြေပေါ်မှာ ဖှုတ်လိုက်… ဖှုတ်လိုက်နဲ့
ချစ်မိတော့လဲ
အပြစ်ရှိသူဟာ…ငါပဲဖြစ်နေရော့လား…
တောင်းပန်ချင်ပါရဲ့…..
မင်း နဲ့ ငါ
ဒီတသက်
မဝေးရပါစေနဲ့…..ကောင်မလေးရယ်…

ဆက်ဖတ်ဖို့...

သိပ်ချစ်ရပါသည်

ငါ ရင်ခုန်စွာနဲ့ ဒီဘလော့ လေးကို ပြမယ်လို့ ဆုံးဖြတ်ထားတယ်။ နောက်လာမဲ့ စနေနေ့လေးမှာ နင့်ဆီက ထွက်ပေါ်လာမဲ့ အဖြေလေးကို ငါ သိချင်လှပြီဟာ။ ငါအတွက် ကံကောင်းခြင်းလား ၊ ကံဆိုးခြင်းလား ဆိုတာတော့ နင့်တစ်ယောက်တည်း အပေါ်မှာပဲ မှုတည်နေမှာပါ။ နင့် ရင်ထဲမှာသာ ငါရှိမယ်ဆိုရင် ငါ ပျော်ရွှင်ခွင့် ရမှာပါ။ နင့် ရဲ့ သဘောထားလေးကရော ……………………
ငါ အရမ်း ရင်ခုန်နေမိပြီဟာ။ ရင်လဲ ခုန်တယ်။ လန့်လဲ လန်တယ်။ နင် မုန်းသွားမှာလဲ ကြောက်တယ်။ အရူးမလေးရာ…..နင်သာ ရက်စက်သွားမယ် ဆိုရင်တော့ ငါဘ၀မှာ ဘာမှ ရှိမှာ မဟုတ်တော့ဘူး။ ငါ ဘ၀ရဲ့ မျှော်လင့်ချက်လေး က နင်ဖြစ်နေလို့ပေါ့။ နင့်ကို ငါ သိပ်ချစ်နေ မိတာ။ ငါ ကို ထားခဲ့ မှာလား ….ကောင်မလေးရာ…..

ဆက်ဖတ်ဖို့...

Jan 20, 2008

ကောင်လေး နှင့် အလွမ်း

အလွမ်းတွေ ပိတ်ဖုံးနေတဲ့
ဒီလို နေ့ညမျိုးမှာ
ကောင်လေးတစ်ယောက်
ခေါင်း ငိုက်စိုက်ကျလို့ပေါ့
ဘေးဘီ ကြည့်လိုက်ပြန်တော့လဲ
အစိမ်း သက်သက် နွမ်းကြွေနေတဲ့
နှလုံးသား တစုံက စိတ်ပျက် အားငယ်စွာ
တမ်းတ ခြင်း ရုပ်လုံးတွေက
အားမာန် အပြည့်နဲ့ ကူးခတ်သွားလာလို့
အဖော်မဲ့ တေးသွား တစ်ပုဒ်ကို
ခပ်ညီး ညီး တီးခတ် ငြီးဆိုနေလေရဲ့….
ငါ့ မှာသာ အတောင်ပံ တစ်စုံ ရှိ ခဲ့ ရင်
ဆိုတဲ့ အတွေးတွေနဲ့
ကောင်လေးက ကောင်းကင်ကြီးကို မော့ကြည့်လို့…
ကြေကွဲနေတဲ့ မျက်ဝန်းတွေထဲမှာ
နတ်သမီး ပုံရိပ်တွေက အရောင်အသွေး
တဖျက်ဖျက် တလက်လက်……
ဒီနေ့ 9:00 Pm ဆိုရင်
ကောင်လေး အိပ်မပျော် တာ ၂ ရက် ရှိသွားပြီ………

ကျွှန်တော် ခံစားနေရတဲ့ ဝေဒနာ လေးတစ်ခု အတွက် ရေးချင်တာ ရေးချထားတာပါ။ ကဗျာလို့ သတ်မှတ်ထားပေမယ့် ဘာကို ဆိုလိုတာလဲ ဆိုတာ ကိုယ့်ကိုကိုယ် လဲ မသိဘူး။ တွေ့ခွင့်မရတဲ့ အချိန်တွေမှာ မွန်းကျပ်မှုတွေ အစား ထွက်ပေါက်လေး တခု ပေးလိုက်တာ။
ဘယ်လိုပဲ ရေးရေး တူညီတာလေး အချက်တစ်ချက်တော့ ရှိတယ်။
ဒါက နတ်သမီးလေးကို အရမ်း လွမ်းနေရတယ်….
Photobucket

ဆက်ဖတ်ဖို့...

Jan 19, 2008

ရင်ခုန်စရာ 9:00 Pm လေးရဲ့ အဆက် (၂ )

…… ကားလာတော့ ကားပေါ်ကို အပြေးတက် ၊ ကားရဲ့နောက်ဆုံးတန်းလေးမှာ ခပ်ငိုက်ငိုက် သွားထိုင်နေလိုက်တယ်။ ပါးစပ်ကလဲ မန်းရမှူတ်ရသေးတယ်…… စာသင်ခန်း ရောက်ရင် ဆရာမ မမာန်ပါစေနဲ့လို့ပေါ့။ မှန်းထားတဲ့ အတိုင်းပါပဲ။ စာသင်ခန်းထဲ ရောက်တာနဲ့ ဆရာမက စဆူတော့တာပဲ။ ကိုယ် နားမလည်တဲ့ ရုရှားစကားတွေနဲ့ မန်လိုက်တာများ ဘာတွေမှန်းကို မသိလိုက်ဘူးဗျာ။ ကျွှန်တော့် အတွက်ကတော့ извините
တောင်းပန်ပါတယ် ( မြန်မာလို ) ကို အထပ်ထပ်ပြောရင်းနဲ့ ပဲ အဆူခံရတဲ့ အချိန်လေးတွေက ပြီးဆုံးသွားခဲ့ ရတယ်လေ။ ဒီနေ့ စာသင်ရတော့လဲ ကုန်လိုက်စမ်းပါ ..အချိန်ရယ်.. ဆိုပြီး ဆုတောင်းနေရတယ်။ 9:00 Pm လေးကို မြန်မြန် ရောက်ချင်နေပြီလေ။ သူနဲ့ စကားတွေ ပြောချင်နေပြီ။ သူ့ အသံကို ကြားချင်လှပြီလေ။ မြန်မာစံတော်ချိန် နဲ့ ကလဲ ရုရုားစံတော်ချိန် နဲ့ ကွာသေးတယ်လေ။ ၃ နာရီ ခွဲ လောက်ကွာတာကိုး။ စာသင်ချိန်ထဲမှာလဲ ညက မအိပ်ရသေးတဲ့ အရှိန်တွေ က တန်ခိုးပြသေးတယ်။ တိတ်တိတ်လေးနဲ့ ခိုးခိုး အိပ်ငိုက်ပြီး စာသင်ချိန်လေးတွေကို ကုန်ဆုံးစေခဲ့တာ။ ကျောင်းဆင်းတော့လဲ ကားဂိတ်ကို အမှီပြေး ၊ နာရီ ကို တကြည့်ကြည့် လုပ်ပြီး ရင်ထဲက ရင်ခုန်သံလေးတွေက ပိုပို မြန်လာရတယ်လေ။ ဖုန်းဆက်ရမယ့် အချိန်က နီးလာတာကိုး။ ရုံးဆင်းချိန်မို့ လူတွေ ပြည့်ကျပ်နေတဲ့ ကားကို တိုးဝှေ့ စီးရင်းနဲ့ပဲ အဆောင်ကို ရောက်မှန်းမသိ ရောက်လာရတာ။ အဆောင်ရောက်တော့ ၉ နာရီ ထိုးဖို့က ၅ မိနစ်ပဲ လိုတော့တယ်လေ။ ဖုန်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံက ရူဘယ် (၁၂၀ ) လောက်ပဲ ရှိတော့တာ။ ဒါနဲ့ ဆက်ရင် တော့ မဖြစ်သေးပါဘူးဆိုပြီး သူငယ်ချင်းဆီမှာ ဖုန်းကဒ်ကို အကြွေးနဲ့ သွားဝယ်၊ ရတော့ရလာပါတယ်။ ဒါပေမယ့် နာရီကို ကြည့်မိတော့ ၉ နာရီက ထိုးနေပြီ။ အချိန်က မရှိတော့ဘူးဆိုပြီး သူ့ဆီကို ဖုန်းထဲမှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ ပဲ ခေါ်လိုက်တယ်။ လက်တွေလဲ တုန်လို့။ သူ့ အမေကများလာကိုင်ရင် …ဆိုတဲ့ အတွေးလေးနဲ့ပါ။ ဖုန်းဆက်လိုက်တဲ့ အချိန် မှာ တော့ အရမ်းကို နားဝင် ချိုလှတဲ့ “ ဟလို ” ဆိုတဲ့ အသံလေးကို ကြားလိုက်ရတာပါပဲ။ အပြင်မှာ ချမ်းလွန်းလို့ တုန်နေတဲ့ အအေးဓါတ်တွေကလဲ ကြက်ပျောက် ငှက်ပျောက် ပဲ။ သူ့ အသံလေးက ဒီလောက်တောင် နွေးထွေးမှု ရှိတာ။ ပြောနေတဲ့ စကားလေးတွေတောင် မဆုံးသေးဘူး…ဖုန်းထဲမှာ ပိုက်ဆံက မရှိတော့ဘူး။ စိတ်တိုလိုက်တဲ့ ဖြစ်ခြင်းဗျာ။ ဒါပေမယ့် ဒီ စကားသံလေးတွေကတော့ ကျွှန်တော့် အတွက် အရမ်းကို နွေးထွေးစေခဲ့ပါတယ်။ ဒီလို ညမျိုးလေးကို ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ နောက်များအထိ တည်တံ့သွားဦးမှာပါ။ သူဆီကိုလဲ အမြဲ တမ်း ဖုန်းဆက်မယ်လို့ စိတ်ကူးထားတယ်။ ဒီ်9:00 Pm ဆိုတဲ့ အချိန်လေးက ကျွှန်တော် နဲ့ သူ့အတွက် သီးသန့် ကမ္ဘာလေး တစ်ခု ဖြစ်လာလိမ့်မယ်လို.လဲ မျှော်လင့်နေ၇တယ်။
သူ နဲ့ ကျွှန်တော် ရဲ့ နှစ်ယောက် ကမ္ဘာလေး တခု ဖြစ်ဖို. ကျွှန်တော် အရမ်းမျှော်လင့်နေတယ်ဗျာ။ သူဘက်ကရော……ဘယ်လိုလဲ ဆိုတာတေ …………..
သိပ်ချစ်ရပါတယ်……နတ်သမီးလေး ရယ် ။

ဆက်ဖတ်ဖို့...

ရင်ခုန်စရာ 9:00 Pm လေးရဲ့ အဆက် (၁ )

9:00 Pm ဆိုတဲ့ အချိန်လေးက ရင်ခုန်စရာ အကောင်းဆုံး အချိန်လေးပါပဲ။ ရင်လဲ ထိတ်ရပါတယ်။ မနက်တုန်းက နတ်သမီးလေးနဲ့ တွေ့တော့ သူကပြောတယ်လေ။ နင် ငါဆီကို ဖုန်းဆက် မလားတဲ့။ ကျွှန်တော် အရမ်းပျော်သွားတာ။ ကျွှန်တော် နဲနဲတော့ မူလိုက်ပါသေးတယ်။ ရှက်သွားတာကိုး……ဟီး ။ ဒါနဲ့ပဲ သူကို ပြောလိုက်တယ်” ခုပေး “ လို.။ ဒါပေမယ့် လက်ဖြန့်တော့ မတောင်းဘူးနော်။ တောင်းလို့လဲ မရဘူးလေ။ သူကလဲ လက်နဲ့ မပေးဘူး။ ခပ်တင်းတင်းပေါ့လေ…typing ရိုက်ပြီးပေးတယ်။ ကျွှန်တော်ကလဲ ခပ်တင်းတင်းပါပဲလေ ..အမြင်အာရုံနဲ့ ကြည့်ပြီး ဖုန်းနံပါတ် ယူရတာပေါ့။ chat ထဲ မှာ ဆိုတော့လဲ ဒီလိုပဲ ယူရတာပဲလေ။ အပြင် မှာ ဆိုရင်တော့ဗျာ ..ဘယ်ပြောကောင်းမလဲ။ သူလက်ကလေးကို ထိခွင့်ရအောင်ကို ထိပြီး ယူမိမှာပေါ့။ ဟီး……။ ချစ်တာကိုးဗျ…ဟုတ်တယ်မှလား…။ သူ နဲ့ ကျွှန်တော် အဲဒီနေ့က စကား တော်တော်ကြာပြောခဲ့ကြတယ်။ အရမ်း ပျော်မိပါတယ်။ ရင်တွေလဲ ခုန်လို့ပေါ့ ။ ကျောင်းသွားရမယ် ဆိုတာ သိလိုက်သားနဲ့ ကို စကားတွေ ပြောနေတာ။ သူက ပြန်တော့မယ် ဆိုမှ ကျောင်းကို အမြန်ပြေးရတယ်။ ရက်တွက် နေပြီဆိုတာ အဲဒီကျမှပဲ သိလိုက်တော့တယ်။ ကျွှန်တော် ဘာမှ မပြင်ဆင်ရသေးဘူး ဆိုတာလေ။ သူနဲ့ ပြောနေတဲ့ အချိန် လေးမှာ ကျွှန်တော် အားလုံးကို မေ့ထားခဲ့တာကိုး။ အ၀တ်ကို အမြန်ဝတ် ၊ စာအုပ်တွေ သိမ်းကျုံး ထည့် နဲ့ ဆံပင်လဲ မဖီး၊ ကို့ရိုးကားရား နဲ့ တယောက်တည်း ကမ္ဘာ ပျက်နေတာလေ။ အမောတခေါ နဲ့ ပြေးလာရတဲ့ အဖြစ်က ကားဂိတ်ရောက်မှ ကျောင်းသားကဒ် မပါဘူးဆိုတာ သိလိုက်ရတဲ့ အဖြစ်။ ဒါနဲ့ပဲ ရောက်မလာသေးတဲ့ ကားကို လည်တဆန့်ဆန့်နဲ့ စောင့်နေရတာပေါ့။ အမြန်လို အနှေးတွေ့ဆိုတာ ဒါမျိုးထင်တယ်။ ရောက်မလာတဲ့ ကားကိုလဲ အပြစ်မတင်ချင်ပါဘူး။ ကိုယ့်ကိုကိုယ် လဲ အပြစ်မတင်ရက်ဘူး။ သူနဲ့က စကားတွေ အများကြီး ပြောလာရတာလေ။ ခုဖြစ်နေတဲ့ ဒုက္ခလေးက အသေးအဖွဲလေးပါပဲ။ ဒါနဲ့ပဲ ကြည့်မိ ကြည့်ရာ ကြည့်မိလိုက်တော့ ဈေးဆိုင် ထဲက ထွက်လာတဲ့ ကောင်မလေး တစ်ယောက်ကို သွားမြင်လိုက်တယ်။ သူ့လက်ထဲမှာက စားစရာတချို့နဲ့ သွားပွတ်တံ အသစ်ကလေး တစ်ချောင်းကို ကိုင်ထားလို့ပေါ့။ ကျွှန်တော်လည်း ကောင်မလေးကို စူးစိုက်ကြည့်နေလိုက်မိတယ်။ သူက သူကိုကြည့်တာလား..သူ့လက်ထဲက စားစရာတွေကိုကြည့်တာလား ဘယ်လိုပုံစံမျိုးနဲ့ ထင်လဲတော့ မသိဘူး။ မျက်စောင်းကြီးကို ခဲနေအောင် ထိုးသွားလိုက်တာများ ကြက်သီးတောင် ထတယ်။ ကျွှန်တော်တောင် အကြည့်ကို မနဲကြီးလွဲ လိုက်ရတယ်။ ကျွှန်တော် ကြည့်မိတာက သူ့လက်ထဲက သွားပွတ်တံလေးကိုပါ။ ဒါ တကယ့် အမှန်ပါ။ ခုမှ သတိရလိုက်တာက… ငါ မျက်နှာ မှ မသစ်ခဲ့ရတာပဲ …လို. ။ ဟီး…..

ဆက်ဖတ်ဖို့...

Jan 18, 2008

ရင်ခုန်စရာ 9:00 Pm လေးရဲ့ နိဒါန်း

9:00 Pm ဆိုတဲ့ အချိန်လေးက ဒီလောက်ရင်ခုန်တတ်အောင် လုပ်နိုင်လိမ့်မယ်လို. ကျွှန်တော် ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး။ 9:00 Pm ဆိုတာ ရိုးရိုးသာမန် မြန်မာစံတော်ချိန် လေးတစ်ခုပါ။ ဒါပေမယ့် အမှတ်တရလေးတွေ အများကြီးပါတယ်ဆိုတာရော ကျွှန်တော် ကိုယ်စား ဘယ်သူပိုသိနိုင်ဦးမှာလဲ။ နတ်သမီးလေးကရော ဒီလို ခံစားမှုမျိုး ရှိနိုင်ရဲ့လား………….မနေ့ကတော့ သူနဲ့ ကျွှန်တော် တွေ့ခွင့် မရခဲ့ဘူးလေ။ ကျွှန်တော်အတွက်ကတော့ တွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေကို စားမြုပ်ပြန်ရင်း တွေ့ရတော့မယ့် နေ့လေးတွေကို မျှော်တတ်ရတာပေါ့ဗျာ။ ကျွှန်တော်က ချစ်ရတဲ့သူလေ။ မြန်မာစကားပုံလေး တခုနဲ့တော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ ကြားဖူးကျမှာပါ။ “ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ မိန်းမကြိုက်တော့ မျှော်ရတာ” ဆိုတဲ့ စကားလေးပေါ့။ ခုကျမှ ကျွှန်တော့် အဖြစ်က ညမအိပ်ပဲနဲ့ကို မျှော်ရ ၊ စောင့်ရတဲ့ အဖြစ်။ အပြစ်တော့ပြောလို့ မရဘူးပေါ့။ ဒါလေးက အနေဝေး ၊ အဝေးရောက်နေတဲ့ သူတွေရဲ့ သဘာဝတရားလေး တစ်ခုပါပဲနော်။ ဟုတ်တယ်မလား….. :P
ညမအိပ်နဲ့ကို စောင့်လာတဲ့ ကျွှန်တော် သူလေး ရောက်လာတာတော့ မသိလိုက်ဘူး။ ဟီး……..
ကွန်ပြူတာလေးရှေ့ ထိုင်နေရင်းနဲ့ကို အိပ်ပျော်သွားခဲ့တာ။ သူက ph: talk ပြီးခေါ်မှ နိုးလာရတယ်လေ။ ကျွှန်တော် အရမ်းကို ပျော်သွားမိတာ။ အေးခဲပြီး နှင်းလွှာလေးတွေ ယှက်သမ်းနေတဲ့ ဒီလိုနေရာမျိုးလေးမှာ အလွမ်းဓါတ်ခံ မရှိတဲ့ ကျွှန်တော့်လိုလူက ချစ်ရသူရှိရာ ဒီ 0nline လေးကိုပဲ မျှော်မှန်းတမ်းတနေရတာလေ။
အခြား ဘာမမှ မရှိတာ။ သူအသံလေးရယ် ၊ သူအပြုံးလေးတွေရယ် ၊ သူ့ရယ်သံလေးတွေရယ်…ဒါတွေက ကျွှန်တော့်အတွက် သူအခမဲ့ပေးထားတဲ့ လက်ဆောင်လေးတွေပေါ့။ ကျွှန်တော်ကလဲ တက်မက်စွာ ခံယူထားတယ်။ သူကိုတော့ သွားမပြောကျပါနဲ့နော်။ တော်ကြာ ဒီလက်ဆောင်လေးတွေကိုတောင် ပြန်ရုပ်သိမ်းသွားမှာဖြင့်………ဟင်း..မတွေးတာပဲ ကောင်းပါတယ်ဗျာ။ တဖက်သတ်အချစ်ဆိုတာ နေရ ၊ ထိုင်ရ တော်တော်ခက်တာဗျ။ သိပ်ချစ်နေရပါပြီ ဆိုမှ ချစ်တယ်လို့ ဖွင့်မပြောသာတဲ့ အဖြစ် ၊ လူလစ်တဲ့ အချိန်ကျမှ …မင်းကို ချစ်တယ်ဟေ့…..လို့ ထအော်ရတဲ့ ဘ၀။ အိပ်ပျက်ညမှာ ကြမ်းပိုး ကိုက်သလိုပဲ… ဟိုထိုး ဒီထိုးနဲ့….အလွမ်းပိုးတွေ ထနေတာလေ…အဟဲ။ အပေါလေးလို့တော့ မပြောကြပါနဲ့နော်။ နတ်သမီးလေးကလဲ ကျွှန်တော့်ကို အရူးလေးတဲ့။ အားလုံးသာ ပေါင်းပြောကြမယ်ဆိုရင်တော့ ကျွှန်တော်လဲ ဒီ ကျပ် မပြည့်ဘူးဆိုတဲ့ ထဲကကို ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး…ဟီး။ အမတယောက်ပြောဖူးတဲ့ စကားလိုပေါ့။ ကျွှန်တော်လဲ သူလိုပဲ ပြောလိုက်တော့မယ် ။ ရူးတော့ ရူးတယ်..ဒါပေမယ့် မယားတရူး လိုတော့ အခေါ်မခံချင်ဘူး။ သိမ်သိမ် မွေ့မွေ့ ၊ ယဉ်ယဉ် ကျေးကျေးလေးနဲ့ ပြောရင် အချစ်ရူးလေးပေါ့ဗျာ။ နတ်သမီးလေးကို မှ ချစ်မိတဲ့ တမူးသာသူလေးပေါ့..ဟာဟာ့။့ ဒါနဲ့ပဲ သူအကြောင်းလေးတွေ ပြောရင်းနဲ့ ကျွှန်တော်ပြောချင်တဲ့ 9:00 Pm လေးဆိုတာက ပျောက်သွားရော။ အဲလိုပဲလေ။ ကျွှန်တော်က သူနဲ့ ပတ်သက်လာရင် ပြောစရာကို မကုန်ဘူးဖြစ်နေတာ။ကဲ…..9:00 Pm လေးကတော့ နောက်တပိုဒ်ကပဲ စလိုက်တော့မယ်။ ခုတော့ အိမ်မက်ထဲ နတ်သမီးခြေရာလေး လိုက်ရှာလိုက်ဦှးမယ်ဗျာ။ တွေ့ရင်လဲ ပြောပေးကျဦးပေါ့။ ဖွက်တော့ မထားကျပါနဲ့နော်။ ကျွှန်တော်က နတ်သမီးရဲ့ အငွေ့ အသက်လေးတွေနဲ့ အသက်ဆက်နေရတာပါလို့ ………………………..

ဆက်ဖတ်ဖို့...

Jan 17, 2008

အချိန်တိုင်းရဲ့....သခင်


လရောင်သမ်းတဲ့
ညချမ်းလေး တခုမှာပေါ့….
မျက်လုံးကို စုံမှိတ်
(ငါ) အိပ်ဖို့ ကြိုးစားနေဆဲ..
နှလုံးသား နိုးစက်
တချက်ချက်နဲ့
ရင်ကို ကျိတ်ထိုး
အိမ်မက်ထဲ လဲရောက်
အိပ်မနေလဲ
ရောက်ရောက်လာတတ်တဲ့
မင်းပုံရိပ်တွေကြောင့်
ငါ အတွေးတံခါးပေါက်ထဲ
မင်း လာလာ ခေါက်တတ်နေပြီလား…
ကောင်မလေးရယ်…
ကျေးဇူးပြုပြီး…
ခုလိုညမျိုး
မင်းရင်ခွင်ထဲ တိုးပြီး
ခပ်မှေးမှေးလေး အိပ်စက်ပါရစေ….

ဆက်ဖတ်ဖို့...

Jan 16, 2008

နတ်သမီးလေး.....သို့ (၂ )



နင့်ရဲ့ သူငယ်ချင်းလေးတယောက်သောသူက ငါပဲတဲ့လားဟာ။ ငါ အရမ်းပျော်သွားတာပဲ နတ်သမီးလေးရာ။ ဒါပေမယ့် နင့်ကို ချစ်တယ်လို့ ဖွင့်ပြောလိုက်မယ့် အချိန်မှာရော…..
ငါ ခုလို နင့်ရဲ့ အခင်ဆုံး သူငယ်ချင်းဆိုတဲ့ ရာထူးလေးကတောင် ပြုတ်ကျသွားမှာလား။ ငါ မရိုးသားနိုင်တော့တာပါ။ နင့်ရဲ့ အခင်ဆုံးသူငယ်ချင်းလေးထက် ပိုတဲ့ အချစ်ဆုံးချစ်သူလေး
တစ်ယောက် ဖြစ်ချင်နေမိတာ။ ငါ အတ္တမကြီးပါဘူးနော်။ အတ္တကြီးခဲ့ရင်တောင် နင့်ကို ချစ်လွန်းလို့ ဖြစ်ခဲ့ရတဲ့ ရောင်စဉ်မဲ့ အတ္တလေး တစ်ခုပါ။ ငါ အပေါ် နားလည်ပေးပါ ကောင်မလေးရာ။ နတ်သမီးရဲ့ အကြင်နာရောင်စဉ်တန်းလေး ဖြာထွက်လာမယ့် နေ့တနေ့ ကို ငါ့ နှလုံးသားတံခါး ဖွင့်ပြီး ထာဝရ စောင့်နေတယ်ဆိုတာ……………..

ဆက်ဖတ်ဖို့...

Jan 15, 2008

သိပ်ချစ်ရပါတယ်...ကောင်မလေးရယ်

အလွမ်းတွေ တိုး
တိတ်တိတ်လေး ခိုး
သူ စိုးမိုးသည်.....
ရင်မှာ တွယ်ငြိ
ချစ်မိ၏............


ဆက်ဖတ်ဖို့...

Jan 14, 2008

နတ်သမီးလေး.....သို့


တွေးနေရင်းနဲ့ပဲ ၇င်မောနေရတဲ့ အဖြစ်ကလေးပါ။ နတ်သမီးလေးကို ချစ်မိတဲ့နေ့ကစပြီး ကျွှန်တော် အရာအားလုံးကို တွေးတောတတ် လာပြီ။ တွေးကြည့်လိုက်တိုင်းလဲ ရင်ထဲမှာ နစ်အောင် ခံစားရတယ်။ ကျွှန်တော်က သာမန် လူတန်းစားလေး တစ်ခုထဲက သူဆိုတော့ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်ပကာသနတွေ ကျွှန်တော့မှာ မရှိဘူး။
ကျွှန်တော့်ကို အရမ်းချစ်တတ်၊ အလိုလိုက်တတ်တဲ့ မိသားစုလေး တစ်ခုတော့ ရှိတယ်။သူလေးကရော ကျွှန်တော့် ဘ၀ထဲကို ရဲရဲရင့်ရင့် နဲ့ ၀င်လာရဲပါ့မလား…ထင်တော့ထင်ရဲပါဘူး။ နတ်သမီးလေးက အမြဲတမ်း ကောင်းကင်ပေါ်မှာပဲ နေတာလေ။ ကျွှန်တော်က မြေကြီးပေါ်က လူ ။ မိုး နဲ့ မြေ ဆိုတာ ဒါကို ပြောတာထင်တယ်။
မြေပေါ်မှာ ပျိုးကြဲ ခဲ့တဲ့ နတ်သမီးလေးရဲ့ အပြုံးတွေကို ပန်းတစ်ခင်း အဖြစ်တော့ သိမ်းဆည်းထားချင်တယ်။ ဒါကြောင့် ဒီ blog လေးကို ရေးဖြစ်သွားတာ။ ဒီပန်းခင်းလေးထဲမှာ ကျွှန်တော့် ရဲ့ ချစ်ခြင်းမေတ္တာတွေ ၊မျှော်လင့်ချက်လေးတွေ ထည့်ပေးထားတယ်။
ကောင်းကင်ပေါ်မှာ နေရတာ ညီးငွေ့လာလို့ မြေပေါ်ကို ဆင်းသက်လာတဲ့ အခါ ဒီပန်းခင်းလေးကို နတ်သမီးလေး တွေ့ သွားမှာပါ။ သူတစ်ယောက်တည်း အတွက် ရည်ရွယ်ထားတဲ့ ပန်းခင်းလေးထဲ မှာ နတ်သမီးလေးရော နေချင်စိတ် ရှိပါ့မလား…
ကောင်းကင်မှာပဲ နေတတ်တဲ့ နတ်သမီးလေး အတွက် ဒီပန်းခင်းလေးကို မြတ်နိုးတွယ်တာစိတ် ရှိပါ့မလား။ ဒီပန်းခင်းလေးဟာ ကျွှန်တော့် ရင်ခွင်တခုလုံးနဲ့ တည်ဆောက်ထားတယ် ဆိုတာရော နတ်သမီးလေး သိပါ့မလား။ သူ သိသိ မသိသိပေါ့….
ကျွှန်တော်ကတော့ အချစ်တွေ၊ အလွမ်းတွေ ၊ တမ်းတခြင်းတွေနဲ့ပဲ သူဆင်းသက်လာတဲ့ နေ့တစ်နေ့ ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေတယ်ဆိုတာ
နတ်သမီးလေးများသိရင်……….???????

ဆက်ဖတ်ဖို့...

စိတ်ကူးထဲက …နတ်သမီးလေး

ဘယ်လိုနေရာ …
ဘယ်လိုအခါ…..
ဘယ်ကို ဘယ်လိုပဲ ရောက်ရောက်
အိမ်မက်ထဲက နတ်သမီးလေးအတွက် ကျွှန်တော် ပြောချင်တာ တခုရှိတယ်…..ဒါက
ဘာလဲဆိုတော့……..
သူ့ ကို အရမ်းချစ်နေမိပြီ ဆိုတာပါပဲ။ ဒီစကားလေးကို ကျွှန်တော် ပြောချင်နေတာ သု သိရင်ရော ကျွှန်တော့်ကို စိတ်ဆိုးမလား…ထိတ်ထိုးမလား မသိဘူး။ စိတ်ဆိုးဆိုး ၊ ထိတ်ထိုးထိုး ကျွှန်တော် ကြိတ်ပိုး ပိုးတာလေးကိုတော့ သူ သိသွားမှာပါ။ ကျွှန်တော့်ရဲ့ မျှော်လင့်ချက်ေ၇ာင်ခြည်လေး မှေးမှိန်သွားမလား….တောက်ပသွား မလားဆိုတာတော့ နတ်သမီးလေး မှတပါး အခြား မသိတော့ပြီပေါ့ဗျာ….. :P :D

ဆက်ဖတ်ဖို့...

Jan 13, 2008

တွေဆုံခဲ့တဲ့ အိမ်မက်နတ်သမီးလေး

နတ်သမီးလေးရယ်..မင်းနဲ့ငါ online ဆိုတဲ့ နယ်မြေသစ်လေးထဲမှာ တွေ့ခဲ့ကြတာနော်။ တယောက်နဲ့ တယောက် ပွင့်လင်းစွာ ပြောကြ ၊ ဆိုကြ ရင်းနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီလေ။ နင်က ခင်ဖို့ကောင်းသလို ၊ချစ်ဖို့လဲ ကောင်းပြန်ရော။ ငါတို့ တွေ ခင်မင်မှုက တဆင့် သံယောဇဉ်လေးတွေ သမ်းလာခဲ့ပြီလေ။ နင်က ရိုးသားတယ်။ နင်နဲ့ ငါ ပတ်သက်ခဲ့တဲ့ အချိန်လေးတွေက ငါအတွက်တော့ မမေ့နိုင်စရာလေးတွေပါ။ ငါ ရိုးသားတဲ့ သံယောဇဉ် ကို အရောင်ဆိုးမိသွားပြီဟာ။ ငါ နင့်ကို ချစ်မိခဲ့ပြီ။ နင်မရှိရင် ငါ မနေတတ်တော့ဘူး။ နင် နဲ့ဝေးရမှာ အကြောက်ဆုံးပဲ။ ငါ ဖွင့်မပြောပဲ ဒီ blog လေးမှာပဲ နင့် အကြောင်း ရေးနေတော့မယ်ဟာ။ ငါ နင်နဲ့ သူငယ်ချင်းဆိုတဲ့ စည်းဘောင်လေးအတွင်းမှာပဲ နင့်ကို တိတ်တခိုး ချစ်နေတော့မယ်ဟာ။ နင်ပြောခဲ့တဲ့ နင့်ရဲ့ အိမ်မက်ထဲက ချစ်သူလေးအကြောင်းကို ငါ အ၇မ်းသိချင်တာ။ ငါ ရဲ့အိမ်မက် နတ်သမီးကတော့ နင်ဆိုတဲ့ အရူးမလေးပေါ့။ နင့်ရဲ့ အိမ်မက်ချစ်သူလေးသာ ငါ ဖြစ်ခွင့်ရခဲ့ရင်……..

ဆက်ဖတ်ဖို့...

နတ်သမီးလေးသို့…..တမ်းချင်း


နတ်သမီးလေးရေ………..
ပေါ်တလှည့် ပျောက်တခါနဲ့
မင်းရောက်ရောက်လာတတ်တယ်နော်..
အိမ်မက်တွေ ခိုး
သူ စိုးမိုးထားတော့လဲ
အလွမ်း ဝေဒနာ
မဖြေသာဘူးပေါ့….
မင်းအကြောင်းတွေး..
ဆွေးဆွေးခဲ့ ရတဲ့
အိပ်ပျက်ညတွေကလဲ အများသား…
မင်း မရှိတော့လဲ
အိမ်မက်ကို အဖော်ပြု..
ငါ ရူးရပြီ…နတ်သမီးရယ်…………..

ဆက်ဖတ်ဖို့...