အိမ်မက်ထဲထိတောင်
ခိုးခိုးပြီး နှိုးတတ်တဲ့
မင်းလေးကို
ငါ နံမည်လေး တခု
ပေးချင်တယ်
….အိမ်မက် သခင်…လို့ပေါ့..။
အတွေးထဲထိတောင်
ခိုးခိုးပြီး စိုးမိုးတတ်တဲ့
မင်းလေးကို
ငါ နံမည်လေး တခု
ပေးချင်တယ်
…အတွေးသခင်…လို့ပေါ့..။
ကဲ…ကောင်မလေးရေ...
မင်း နဲ့ ငါ
အမုန်းတွေ မလာ
မချစ်တွေသာ ပါတဲ့
ပြိုင်ပွဲလေး တခု စလိုက်ရအောင်..
တို့ရဲ့ အချစ်တွေနဲ့
အရာရာကို တောက်ပစေမယ်
နောင် နှစ်ပေါင်းများစွာ အထိ..
ဒူးမထောက် လက်မမြှောက်ကြေး….။
No comments:
Post a Comment