Jan 19, 2008

ရင်ခုန်စရာ 9:00 Pm လေးရဲ့ အဆက် (၁ )

9:00 Pm ဆိုတဲ့ အချိန်လေးက ရင်ခုန်စရာ အကောင်းဆုံး အချိန်လေးပါပဲ။ ရင်လဲ ထိတ်ရပါတယ်။ မနက်တုန်းက နတ်သမီးလေးနဲ့ တွေ့တော့ သူကပြောတယ်လေ။ နင် ငါဆီကို ဖုန်းဆက် မလားတဲ့။ ကျွှန်တော် အရမ်းပျော်သွားတာ။ ကျွှန်တော် နဲနဲတော့ မူလိုက်ပါသေးတယ်။ ရှက်သွားတာကိုး……ဟီး ။ ဒါနဲ့ပဲ သူကို ပြောလိုက်တယ်” ခုပေး “ လို.။ ဒါပေမယ့် လက်ဖြန့်တော့ မတောင်းဘူးနော်။ တောင်းလို့လဲ မရဘူးလေ။ သူကလဲ လက်နဲ့ မပေးဘူး။ ခပ်တင်းတင်းပေါ့လေ…typing ရိုက်ပြီးပေးတယ်။ ကျွှန်တော်ကလဲ ခပ်တင်းတင်းပါပဲလေ ..အမြင်အာရုံနဲ့ ကြည့်ပြီး ဖုန်းနံပါတ် ယူရတာပေါ့။ chat ထဲ မှာ ဆိုတော့လဲ ဒီလိုပဲ ယူရတာပဲလေ။ အပြင် မှာ ဆိုရင်တော့ဗျာ ..ဘယ်ပြောကောင်းမလဲ။ သူလက်ကလေးကို ထိခွင့်ရအောင်ကို ထိပြီး ယူမိမှာပေါ့။ ဟီး……။ ချစ်တာကိုးဗျ…ဟုတ်တယ်မှလား…။ သူ နဲ့ ကျွှန်တော် အဲဒီနေ့က စကား တော်တော်ကြာပြောခဲ့ကြတယ်။ အရမ်း ပျော်မိပါတယ်။ ရင်တွေလဲ ခုန်လို့ပေါ့ ။ ကျောင်းသွားရမယ် ဆိုတာ သိလိုက်သားနဲ့ ကို စကားတွေ ပြောနေတာ။ သူက ပြန်တော့မယ် ဆိုမှ ကျောင်းကို အမြန်ပြေးရတယ်။ ရက်တွက် နေပြီဆိုတာ အဲဒီကျမှပဲ သိလိုက်တော့တယ်။ ကျွှန်တော် ဘာမှ မပြင်ဆင်ရသေးဘူး ဆိုတာလေ။ သူနဲ့ ပြောနေတဲ့ အချိန် လေးမှာ ကျွှန်တော် အားလုံးကို မေ့ထားခဲ့တာကိုး။ အ၀တ်ကို အမြန်ဝတ် ၊ စာအုပ်တွေ သိမ်းကျုံး ထည့် နဲ့ ဆံပင်လဲ မဖီး၊ ကို့ရိုးကားရား နဲ့ တယောက်တည်း ကမ္ဘာ ပျက်နေတာလေ။ အမောတခေါ နဲ့ ပြေးလာရတဲ့ အဖြစ်က ကားဂိတ်ရောက်မှ ကျောင်းသားကဒ် မပါဘူးဆိုတာ သိလိုက်ရတဲ့ အဖြစ်။ ဒါနဲ့ပဲ ရောက်မလာသေးတဲ့ ကားကို လည်တဆန့်ဆန့်နဲ့ စောင့်နေရတာပေါ့။ အမြန်လို အနှေးတွေ့ဆိုတာ ဒါမျိုးထင်တယ်။ ရောက်မလာတဲ့ ကားကိုလဲ အပြစ်မတင်ချင်ပါဘူး။ ကိုယ့်ကိုကိုယ် လဲ အပြစ်မတင်ရက်ဘူး။ သူနဲ့က စကားတွေ အများကြီး ပြောလာရတာလေ။ ခုဖြစ်နေတဲ့ ဒုက္ခလေးက အသေးအဖွဲလေးပါပဲ။ ဒါနဲ့ပဲ ကြည့်မိ ကြည့်ရာ ကြည့်မိလိုက်တော့ ဈေးဆိုင် ထဲက ထွက်လာတဲ့ ကောင်မလေး တစ်ယောက်ကို သွားမြင်လိုက်တယ်။ သူ့လက်ထဲမှာက စားစရာတချို့နဲ့ သွားပွတ်တံ အသစ်ကလေး တစ်ချောင်းကို ကိုင်ထားလို့ပေါ့။ ကျွှန်တော်လည်း ကောင်မလေးကို စူးစိုက်ကြည့်နေလိုက်မိတယ်။ သူက သူကိုကြည့်တာလား..သူ့လက်ထဲက စားစရာတွေကိုကြည့်တာလား ဘယ်လိုပုံစံမျိုးနဲ့ ထင်လဲတော့ မသိဘူး။ မျက်စောင်းကြီးကို ခဲနေအောင် ထိုးသွားလိုက်တာများ ကြက်သီးတောင် ထတယ်။ ကျွှန်တော်တောင် အကြည့်ကို မနဲကြီးလွဲ လိုက်ရတယ်။ ကျွှန်တော် ကြည့်မိတာက သူ့လက်ထဲက သွားပွတ်တံလေးကိုပါ။ ဒါ တကယ့် အမှန်ပါ။ ခုမှ သတိရလိုက်တာက… ငါ မျက်နှာ မှ မသစ်ခဲ့ရတာပဲ …လို. ။ ဟီး…..

No comments: