9:00 Pm ဆိုတဲ့ အချိန်လေးက ဒီလောက်ရင်ခုန်တတ်အောင် လုပ်နိုင်လိမ့်မယ်လို. ကျွှန်တော် ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး။ 9:00 Pm ဆိုတာ ရိုးရိုးသာမန် မြန်မာစံတော်ချိန် လေးတစ်ခုပါ။ ဒါပေမယ့် အမှတ်တရလေးတွေ အများကြီးပါတယ်ဆိုတာရော ကျွှန်တော် ကိုယ်စား ဘယ်သူပိုသိနိုင်ဦးမှာလဲ။ နတ်သမီးလေးကရော ဒီလို ခံစားမှုမျိုး ရှိနိုင်ရဲ့လား………….မနေ့ကတော့ သူနဲ့ ကျွှန်တော် တွေ့ခွင့် မရခဲ့ဘူးလေ။ ကျွှန်တော်အတွက်ကတော့ တွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေကို စားမြုပ်ပြန်ရင်း တွေ့ရတော့မယ့် နေ့လေးတွေကို မျှော်တတ်ရတာပေါ့ဗျာ။ ကျွှန်တော်က ချစ်ရတဲ့သူလေ။ မြန်မာစကားပုံလေး တခုနဲ့တော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ ကြားဖူးကျမှာပါ။ “ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ မိန်းမကြိုက်တော့ မျှော်ရတာ” ဆိုတဲ့ စကားလေးပေါ့။ ခုကျမှ ကျွှန်တော့် အဖြစ်က ညမအိပ်ပဲနဲ့ကို မျှော်ရ ၊ စောင့်ရတဲ့ အဖြစ်။ အပြစ်တော့ပြောလို့ မရဘူးပေါ့။ ဒါလေးက အနေဝေး ၊ အဝေးရောက်နေတဲ့ သူတွေရဲ့ သဘာဝတရားလေး တစ်ခုပါပဲနော်။ ဟုတ်တယ်မလား….. :P
ညမအိပ်နဲ့ကို စောင့်လာတဲ့ ကျွှန်တော် သူလေး ရောက်လာတာတော့ မသိလိုက်ဘူး။ ဟီး……..
ကွန်ပြူတာလေးရှေ့ ထိုင်နေရင်းနဲ့ကို အိပ်ပျော်သွားခဲ့တာ။ သူက ph: talk ပြီးခေါ်မှ နိုးလာရတယ်လေ။ ကျွှန်တော် အရမ်းကို ပျော်သွားမိတာ။ အေးခဲပြီး နှင်းလွှာလေးတွေ ယှက်သမ်းနေတဲ့ ဒီလိုနေရာမျိုးလေးမှာ အလွမ်းဓါတ်ခံ မရှိတဲ့ ကျွှန်တော့်လိုလူက ချစ်ရသူရှိရာ ဒီ 0nline လေးကိုပဲ မျှော်မှန်းတမ်းတနေရတာလေ။
အခြား ဘာမမှ မရှိတာ။ သူအသံလေးရယ် ၊ သူအပြုံးလေးတွေရယ် ၊ သူ့ရယ်သံလေးတွေရယ်…ဒါတွေက ကျွှန်တော့်အတွက် သူအခမဲ့ပေးထားတဲ့ လက်ဆောင်လေးတွေပေါ့။ ကျွှန်တော်ကလဲ တက်မက်စွာ ခံယူထားတယ်။ သူကိုတော့ သွားမပြောကျပါနဲ့နော်။ တော်ကြာ ဒီလက်ဆောင်လေးတွေကိုတောင် ပြန်ရုပ်သိမ်းသွားမှာဖြင့်………ဟင်း..မတွေးတာပဲ ကောင်းပါတယ်ဗျာ။ တဖက်သတ်အချစ်ဆိုတာ နေရ ၊ ထိုင်ရ တော်တော်ခက်တာဗျ။ သိပ်ချစ်နေရပါပြီ ဆိုမှ ချစ်တယ်လို့ ဖွင့်မပြောသာတဲ့ အဖြစ် ၊ လူလစ်တဲ့ အချိန်ကျမှ …မင်းကို ချစ်တယ်ဟေ့…..လို့ ထအော်ရတဲ့ ဘ၀။ အိပ်ပျက်ညမှာ ကြမ်းပိုး ကိုက်သလိုပဲ… ဟိုထိုး ဒီထိုးနဲ့….အလွမ်းပိုးတွေ ထနေတာလေ…အဟဲ။ အပေါလေးလို့တော့ မပြောကြပါနဲ့နော်။ နတ်သမီးလေးကလဲ ကျွှန်တော့်ကို အရူးလေးတဲ့။ အားလုံးသာ ပေါင်းပြောကြမယ်ဆိုရင်တော့ ကျွှန်တော်လဲ ဒီ ကျပ် မပြည့်ဘူးဆိုတဲ့ ထဲကကို ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး…ဟီး။ အမတယောက်ပြောဖူးတဲ့ စကားလိုပေါ့။ ကျွှန်တော်လဲ သူလိုပဲ ပြောလိုက်တော့မယ် ။ ရူးတော့ ရူးတယ်..ဒါပေမယ့် မယားတရူး လိုတော့ အခေါ်မခံချင်ဘူး။ သိမ်သိမ် မွေ့မွေ့ ၊ ယဉ်ယဉ် ကျေးကျေးလေးနဲ့ ပြောရင် အချစ်ရူးလေးပေါ့ဗျာ။ နတ်သမီးလေးကို မှ ချစ်မိတဲ့ တမူးသာသူလေးပေါ့..ဟာဟာ့။့ ဒါနဲ့ပဲ သူအကြောင်းလေးတွေ ပြောရင်းနဲ့ ကျွှန်တော်ပြောချင်တဲ့ 9:00 Pm လေးဆိုတာက ပျောက်သွားရော။ အဲလိုပဲလေ။ ကျွှန်တော်က သူနဲ့ ပတ်သက်လာရင် ပြောစရာကို မကုန်ဘူးဖြစ်နေတာ။ကဲ…..9:00 Pm လေးကတော့ နောက်တပိုဒ်ကပဲ စလိုက်တော့မယ်။ ခုတော့ အိမ်မက်ထဲ နတ်သမီးခြေရာလေး လိုက်ရှာလိုက်ဦှးမယ်ဗျာ။ တွေ့ရင်လဲ ပြောပေးကျဦးပေါ့။ ဖွက်တော့ မထားကျပါနဲ့နော်။ ကျွှန်တော်က နတ်သမီးရဲ့ အငွေ့ အသက်လေးတွေနဲ့ အသက်ဆက်နေရတာပါလို့ ………………………..
Jan 18, 2008
ရင်ခုန်စရာ 9:00 Pm လေးရဲ့ နိဒါန်း
စာစဉ်များ ။
သူ့အကြောင်းလေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment