Jan 13, 2008

တွေဆုံခဲ့တဲ့ အိမ်မက်နတ်သမီးလေး

နတ်သမီးလေးရယ်..မင်းနဲ့ငါ online ဆိုတဲ့ နယ်မြေသစ်လေးထဲမှာ တွေ့ခဲ့ကြတာနော်။ တယောက်နဲ့ တယောက် ပွင့်လင်းစွာ ပြောကြ ၊ ဆိုကြ ရင်းနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီလေ။ နင်က ခင်ဖို့ကောင်းသလို ၊ချစ်ဖို့လဲ ကောင်းပြန်ရော။ ငါတို့ တွေ ခင်မင်မှုက တဆင့် သံယောဇဉ်လေးတွေ သမ်းလာခဲ့ပြီလေ။ နင်က ရိုးသားတယ်။ နင်နဲ့ ငါ ပတ်သက်ခဲ့တဲ့ အချိန်လေးတွေက ငါအတွက်တော့ မမေ့နိုင်စရာလေးတွေပါ။ ငါ ရိုးသားတဲ့ သံယောဇဉ် ကို အရောင်ဆိုးမိသွားပြီဟာ။ ငါ နင့်ကို ချစ်မိခဲ့ပြီ။ နင်မရှိရင် ငါ မနေတတ်တော့ဘူး။ နင် နဲ့ဝေးရမှာ အကြောက်ဆုံးပဲ။ ငါ ဖွင့်မပြောပဲ ဒီ blog လေးမှာပဲ နင့် အကြောင်း ရေးနေတော့မယ်ဟာ။ ငါ နင်နဲ့ သူငယ်ချင်းဆိုတဲ့ စည်းဘောင်လေးအတွင်းမှာပဲ နင့်ကို တိတ်တခိုး ချစ်နေတော့မယ်ဟာ။ နင်ပြောခဲ့တဲ့ နင့်ရဲ့ အိမ်မက်ထဲက ချစ်သူလေးအကြောင်းကို ငါ အ၇မ်းသိချင်တာ။ ငါ ရဲ့အိမ်မက် နတ်သမီးကတော့ နင်ဆိုတဲ့ အရူးမလေးပေါ့။ နင့်ရဲ့ အိမ်မက်ချစ်သူလေးသာ ငါ ဖြစ်ခွင့်ရခဲ့ရင်……..

No comments: