Jan 17, 2008

အချိန်တိုင်းရဲ့....သခင်


လရောင်သမ်းတဲ့
ညချမ်းလေး တခုမှာပေါ့….
မျက်လုံးကို စုံမှိတ်
(ငါ) အိပ်ဖို့ ကြိုးစားနေဆဲ..
နှလုံးသား နိုးစက်
တချက်ချက်နဲ့
ရင်ကို ကျိတ်ထိုး
သူ ဆိုးနေပြီလေ………..
အိမ်မက်ထဲ လဲရောက်
အိပ်မနေလဲ
ရောက်ရောက်လာတတ်တဲ့
မင်းပုံရိပ်တွေကြောင့်
ငါ အတွေးတံခါးပေါက်ထဲ
မင်း လာလာ ခေါက်တတ်နေပြီလား…
ကောင်မလေးရယ်…
ကျေးဇူးပြုပြီး…
ခုလိုညမျိုး
မင်းရင်ခွင်ထဲ တိုးပြီး
ခပ်မှေးမှေးလေး အိပ်စက်ပါရစေ….

No comments: