နင့်ရဲ့ သူငယ်ချင်းလေးတယောက်သောသူက ငါပဲတဲ့လားဟာ။ ငါ အရမ်းပျော်သွားတာပဲ နတ်သမီးလေးရာ။ ဒါပေမယ့် နင့်ကို ချစ်တယ်လို့ ဖွင့်ပြောလိုက်မယ့် အချိန်မှာရော…..
ငါ ခုလို နင့်ရဲ့ အခင်ဆုံး သူငယ်ချင်းဆိုတဲ့ ရာထူးလေးကတောင် ပြုတ်ကျသွားမှာလား။ ငါ မရိုးသားနိုင်တော့တာပါ။ နင့်ရဲ့ အခင်ဆုံးသူငယ်ချင်းလေးထက် ပိုတဲ့ အချစ်ဆုံးချစ်သူလေး
တစ်ယောက် ဖြစ်ချင်နေမိတာ။ ငါ အတ္တမကြီးပါဘူးနော်။ အတ္တကြီးခဲ့ရင်တောင် နင့်ကို ချစ်လွန်းလို့ ဖြစ်ခဲ့ရတဲ့ ရောင်စဉ်မဲ့ အတ္တလေး တစ်ခုပါ။ ငါ အပေါ် နားလည်ပေးပါ ကောင်မလေးရာ။ နတ်သမီးရဲ့ အကြင်နာရောင်စဉ်တန်းလေး ဖြာထွက်လာမယ့် နေ့တနေ့ ကို ငါ့ နှလုံးသားတံခါး ဖွင့်ပြီး ထာဝရ စောင့်နေတယ်ဆိုတာ……………..
Jan 16, 2008
နတ်သမီးလေး.....သို့ (၂ )
စာစဉ်များ ။
သူ့အကြောင်းလေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment