Jan 26, 2008

ဘလော့ ဖွင့်ပွဲ


မင်းပြုံးနေတာ ငေးကြည့်ရင်းနဲ့ပဲ ဒီနေ့လေးမှာ ငါရဲ့ ဘလော့လေးက အသက်ဝင် သွားခဲ့ပါပြီ။ ကျေးဇူးပါ ကောင်မလေးရယ်။ နင်က ငါကို ချစ်တယ်လို့ မပြောပေမယ့် ငါ ကျေနပ်ရပါတယ်။ နင် အတွက် ရည်စူးပြီး ရေးထားတဲ့ ဘလော့လေးကို ငါ ပြလိုက်ရလို့ပေါ့။ နင် ဒီနေ့ သိပ်လှတာပဲ။ နင့် အပြုံးလေးတွေက လှတယ်။ နင့် မျက်ဝန်းလေးတွေက လှတယ်။ နင့် ရိုးသား ဖြူစင်မှုလေးတွေက တကယ် ကြည်နူးစရာလေးတွေနော်။ ငါ ထာဝရ မေ့ လို့မရတဲ့ အရာအားလုံးကို နင်က အပိုင်ယူထားတာပဲ။ နင့်ကို သိပ်ချစ်ရပါတယ် ကောင်မလေးရယ်။ အရမ်းလဲ လွမ်းနေရတယ်။ နင်က ငါဖွင့်ပြောမယ် ဆိုတာကို ကြိုသိနေတယ်တဲ့။ ငါ တော်တော်
ညံ့သေးတာပဲနော်။ ဘာပဲ ဖြစ်ဖြစ်ပါ။ ငါ တကယ် ချစ်နေမိတယ် ဆိုတာတော့ နင် ယုံကြည်ရဲ့လား… ကောင်မလေးရယ်။ ခု ငါ့ ဘ၀ထဲကို ဘလော့ ဒိုင်ယာရီလေး တစ်အုပ်ရယ်၊
နင်ရယ် ရောက်လာခဲ့ ပြီလေ။ ဒီဘလော့ လေးက ဘယ်သော အခါမှ ပျက်ဆီးသွားမှာ မဟုတ်သလို ၊ နင့်အပေါ် မြတ်နိုးတွယ်တာမှုတွေကလဲ ဘယ်တော့မှ ယုတ်လျော့သွား မှာ မဟုတ်ဘူး။ ဘလော့လေးထဲမှာ Post လေးတွေ တိုးလာသလို၊ နင့်ကို ချစ်တဲ့ အချစ်တွေကလဲ တိုးသထက်သာ တိုးလာမှာပါ ကောင်မလေးရာ။
ငါ ဒီညတော့ မပျော်ဘူး ကောင်မလေးရာ။ နင်ဆီကို ငါ ဖုန်းဆက်ခဲ့တယ်။ ဒါပေမယ့် ဖုန်းကိုင်မဲ့သူ မရှိဘူးလားဟာ။ နင် ဘယ်သွားနေတာလဲ။ ဒါမှမဟုတ် နင် အလုပ်ရှုပ် နေလို့လား။ နင့် မိဘတွေများ မိသွားလို့လား။ စိုးရိမ်ရပါတယ်…ကောင်မလေးရယ်။ ည ( ၉ ) နာရီမှာ ပြောမယ် ဆိုတဲ့ နင့်စကားလေးကို ငါ အရမ်း ကြားချင်နေတာ။ ငါ နင်ရောက်လာမယ့် မနက်ဖြန်လေးကို စောင့်နေတယ်။ ဒီဘလော့လေးနဲ့ ငါ့ရင်ခွင်က နင့်အတွက် ထာဝရ တံခါး ဖွင့်ထားပါတယ်…..ကောင်မလေးရယ်။

No comments: