
ငါ ဒီနေ့ စာမေးပွဲ သွားဖြေရမယ်..အရူးမလေးရာ။ မနက်ပိုင်းစောစောထခဲ့ပေမယ့် ငါစလုပ်တာက ဘလော့လေးရယ်. နင့်ရဲ့ nick ကလေးရယ် ငါ ပထမဦးဆုံး စဖွင့်ခဲ့တာပဲ။ နင့်ကိုအရမ်းသတိရနေလို့ပါ။ ဒီနေ့ နင်မလာဘူး ဆိုတာ သိပေမယ့် နင့်ကိုမျော်နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်မှန်း သိပေမယ့် ငါ နင် နဲ့ တွေ့ချင်နေတာ။ ၁ ပတ်မှာ ၂ ရက်လေးသာ တွေခွင့်ရတဲ့ နင် နဲ့ ငါရဲ့ အချိန်လေးတွေက အရမ်း နည်းလွန်း
တယ်နော်။ နင့်ကို ငါ အချိန်တိုင်း တွေ့ ချင်နေတာ.. ကောင်မလေးရာ။ ငါ မလွန်ပါဘူးနော်။ နင်ရော ဘယ်လို ခံစားနေရလဲဟင်။ နင်ပြောလိုက်တဲ့ စကားလေးကို ငါ ကြားဖြစ်အောင်သွားခဲ့တယ်ဟ။ နင်သိလား။ နင်က ငါကို ရူးလောက်အောင် ချစ်တယ် တဲ့။ ငါ လဲ နင့်ကို ရူးလောက်အောင်ကို ချစ်နေခဲ့တာပါ …အရူးမလေးရာ။ ငါ
အ ရမ်း ပျော်ခဲ့ရတာပါ။ အချိန်တိုင်းတွေ့နေချင်တယ် ကောင်မလေးရယ်။ ငါ စာမေးပွဲ မှာ နင့် အ ကြောင်း လေးတွေကို အားရပါရ ဖြေခဲ့မယ်နော်။
No comments:
Post a Comment