သံယောဇဉ် မျိုးစေ့လေး
သူ နဲ့ ကိုယ် ကြည်ဖြူလို့
တူနှစ်ကိုယ် လက်တွဲ
ရင်ထဲမှာ စိုက်ပျိုးခဲ့ကြတယ်…..
မျှော်လင့်ချက် နဲ့ ပေါင်းသင်
အလွမ်းတွေနဲ့ ရေလောင်းလို့
ဒီ သစ်ပင်လေး ကြီးထွားခဲ့ပေါ့…..
ခုတော့လဲ
အကိုင်းအခက်တွေနဲ့ ဝေေ၀ဆာ
ကြည်နူးစရာ နိဗ္ဗာန်လေး တခုပါပဲ..
ငါ တို့ရဲ့ ချစ်ခြင်းတွေကို
ဘယ်သူ ခွဲခွဲ
အစဉ်မြဲနေအောင်တော့
နားလည်မှုလေးတွေနဲ့
ကာရံထားဖို့ လိုတယ်….
ကောင်မလေးရယ်
မင်းအတွက် ဆိုရင်
အပြစ် ကင်းကင်း
သံသယရှင်းရှင်းနဲ့
မြတ်နိုးခြင်းတွေပဲ
ပေးမယ့် သူပါ
မင်း…ယုံကြည်စွာ လက်ခံလိုက်ပါနော်…..။
Jan 28, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment