Jan 14, 2008

နတ်သမီးလေး.....သို့


တွေးနေရင်းနဲ့ပဲ ၇င်မောနေရတဲ့ အဖြစ်ကလေးပါ။ နတ်သမီးလေးကို ချစ်မိတဲ့နေ့ကစပြီး ကျွှန်တော် အရာအားလုံးကို တွေးတောတတ် လာပြီ။ တွေးကြည့်လိုက်တိုင်းလဲ ရင်ထဲမှာ နစ်အောင် ခံစားရတယ်။ ကျွှန်တော်က သာမန် လူတန်းစားလေး တစ်ခုထဲက သူဆိုတော့ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်ပကာသနတွေ ကျွှန်တော့မှာ မရှိဘူး။
ကျွှန်တော့်ကို အရမ်းချစ်တတ်၊ အလိုလိုက်တတ်တဲ့ မိသားစုလေး တစ်ခုတော့ ရှိတယ်။သူလေးကရော ကျွှန်တော့် ဘ၀ထဲကို ရဲရဲရင့်ရင့် နဲ့ ၀င်လာရဲပါ့မလား…ထင်တော့ထင်ရဲပါဘူး။ နတ်သမီးလေးက အမြဲတမ်း ကောင်းကင်ပေါ်မှာပဲ နေတာလေ။ ကျွှန်တော်က မြေကြီးပေါ်က လူ ။ မိုး နဲ့ မြေ ဆိုတာ ဒါကို ပြောတာထင်တယ်။
မြေပေါ်မှာ ပျိုးကြဲ ခဲ့တဲ့ နတ်သမီးလေးရဲ့ အပြုံးတွေကို ပန်းတစ်ခင်း အဖြစ်တော့ သိမ်းဆည်းထားချင်တယ်။ ဒါကြောင့် ဒီ blog လေးကို ရေးဖြစ်သွားတာ။ ဒီပန်းခင်းလေးထဲမှာ ကျွှန်တော့် ရဲ့ ချစ်ခြင်းမေတ္တာတွေ ၊မျှော်လင့်ချက်လေးတွေ ထည့်ပေးထားတယ်။
ကောင်းကင်ပေါ်မှာ နေရတာ ညီးငွေ့လာလို့ မြေပေါ်ကို ဆင်းသက်လာတဲ့ အခါ ဒီပန်းခင်းလေးကို နတ်သမီးလေး တွေ့ သွားမှာပါ။ သူတစ်ယောက်တည်း အတွက် ရည်ရွယ်ထားတဲ့ ပန်းခင်းလေးထဲ မှာ နတ်သမီးလေးရော နေချင်စိတ် ရှိပါ့မလား…
ကောင်းကင်မှာပဲ နေတတ်တဲ့ နတ်သမီးလေး အတွက် ဒီပန်းခင်းလေးကို မြတ်နိုးတွယ်တာစိတ် ရှိပါ့မလား။ ဒီပန်းခင်းလေးဟာ ကျွှန်တော့် ရင်ခွင်တခုလုံးနဲ့ တည်ဆောက်ထားတယ် ဆိုတာရော နတ်သမီးလေး သိပါ့မလား။ သူ သိသိ မသိသိပေါ့….
ကျွှန်တော်ကတော့ အချစ်တွေ၊ အလွမ်းတွေ ၊ တမ်းတခြင်းတွေနဲ့ပဲ သူဆင်းသက်လာတဲ့ နေ့တစ်နေ့ ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေတယ်ဆိုတာ
နတ်သမီးလေးများသိရင်……….???????

No comments: