Jan 20, 2008

ကောင်လေး နှင့် အလွမ်း

အလွမ်းတွေ ပိတ်ဖုံးနေတဲ့
ဒီလို နေ့ညမျိုးမှာ
ကောင်လေးတစ်ယောက်
ခေါင်း ငိုက်စိုက်ကျလို့ပေါ့
ဘေးဘီ ကြည့်လိုက်ပြန်တော့လဲ
အစိမ်း သက်သက် နွမ်းကြွေနေတဲ့
နှလုံးသား တစုံက စိတ်ပျက် အားငယ်စွာ
တမ်းတ ခြင်း ရုပ်လုံးတွေက
အားမာန် အပြည့်နဲ့ ကူးခတ်သွားလာလို့
အဖော်မဲ့ တေးသွား တစ်ပုဒ်ကို
ခပ်ညီး ညီး တီးခတ် ငြီးဆိုနေလေရဲ့….
ငါ့ မှာသာ အတောင်ပံ တစ်စုံ ရှိ ခဲ့ ရင်
ဆိုတဲ့ အတွေးတွေနဲ့
ကောင်လေးက ကောင်းကင်ကြီးကို မော့ကြည့်လို့…
ကြေကွဲနေတဲ့ မျက်ဝန်းတွေထဲမှာ
နတ်သမီး ပုံရိပ်တွေက အရောင်အသွေး
တဖျက်ဖျက် တလက်လက်……
ဒီနေ့ 9:00 Pm ဆိုရင်
ကောင်လေး အိပ်မပျော် တာ ၂ ရက် ရှိသွားပြီ………

ကျွှန်တော် ခံစားနေရတဲ့ ဝေဒနာ လေးတစ်ခု အတွက် ရေးချင်တာ ရေးချထားတာပါ။ ကဗျာလို့ သတ်မှတ်ထားပေမယ့် ဘာကို ဆိုလိုတာလဲ ဆိုတာ ကိုယ့်ကိုကိုယ် လဲ မသိဘူး။ တွေ့ခွင့်မရတဲ့ အချိန်တွေမှာ မွန်းကျပ်မှုတွေ အစား ထွက်ပေါက်လေး တခု ပေးလိုက်တာ။
ဘယ်လိုပဲ ရေးရေး တူညီတာလေး အချက်တစ်ချက်တော့ ရှိတယ်။
ဒါက နတ်သမီးလေးကို အရမ်း လွမ်းနေရတယ်….
Photobucket

No comments: