…… ကားလာတော့ ကားပေါ်ကို အပြေးတက် ၊ ကားရဲ့နောက်ဆုံးတန်းလေးမှာ ခပ်ငိုက်ငိုက် သွားထိုင်နေလိုက်တယ်။ ပါးစပ်ကလဲ မန်းရမှူတ်ရသေးတယ်…… စာသင်ခန်း ရောက်ရင် ဆရာမ မမာန်ပါစေနဲ့လို့ပေါ့။ မှန်းထားတဲ့ အတိုင်းပါပဲ။ စာသင်ခန်းထဲ ရောက်တာနဲ့ ဆရာမက စဆူတော့တာပဲ။ ကိုယ် နားမလည်တဲ့ ရုရှားစကားတွေနဲ့ မန်လိုက်တာများ ဘာတွေမှန်းကို မသိလိုက်ဘူးဗျာ။ ကျွှန်တော့် အတွက်ကတော့ извините
တောင်းပန်ပါတယ် ( မြန်မာလို ) ကို အထပ်ထပ်ပြောရင်းနဲ့ ပဲ အဆူခံရတဲ့ အချိန်လေးတွေက ပြီးဆုံးသွားခဲ့ ရတယ်လေ။ ဒီနေ့ စာသင်ရတော့လဲ ကုန်လိုက်စမ်းပါ ..အချိန်ရယ်.. ဆိုပြီး ဆုတောင်းနေရတယ်။ 9:00 Pm လေးကို မြန်မြန် ရောက်ချင်နေပြီလေ။ သူနဲ့ စကားတွေ ပြောချင်နေပြီ။ သူ့ အသံကို ကြားချင်လှပြီလေ။ မြန်မာစံတော်ချိန် နဲ့ ကလဲ ရုရုားစံတော်ချိန် နဲ့ ကွာသေးတယ်လေ။ ၃ နာရီ ခွဲ လောက်ကွာတာကိုး။ စာသင်ချိန်ထဲမှာလဲ ညက မအိပ်ရသေးတဲ့ အရှိန်တွေ က တန်ခိုးပြသေးတယ်။ တိတ်တိတ်လေးနဲ့ ခိုးခိုး အိပ်ငိုက်ပြီး စာသင်ချိန်လေးတွေကို ကုန်ဆုံးစေခဲ့တာ။ ကျောင်းဆင်းတော့လဲ ကားဂိတ်ကို အမှီပြေး ၊ နာရီ ကို တကြည့်ကြည့် လုပ်ပြီး ရင်ထဲက ရင်ခုန်သံလေးတွေက ပိုပို မြန်လာရတယ်လေ။ ဖုန်းဆက်ရမယ့် အချိန်က နီးလာတာကိုး။ ရုံးဆင်းချိန်မို့ လူတွေ ပြည့်ကျပ်နေတဲ့ ကားကို တိုးဝှေ့ စီးရင်းနဲ့ပဲ အဆောင်ကို ရောက်မှန်းမသိ ရောက်လာရတာ။ အဆောင်ရောက်တော့ ၉ နာရီ ထိုးဖို့က ၅ မိနစ်ပဲ လိုတော့တယ်လေ။ ဖုန်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံက ရူဘယ် (၁၂၀ ) လောက်ပဲ ရှိတော့တာ။ ဒါနဲ့ ဆက်ရင် တော့ မဖြစ်သေးပါဘူးဆိုပြီး သူငယ်ချင်းဆီမှာ ဖုန်းကဒ်ကို အကြွေးနဲ့ သွားဝယ်၊ ရတော့ရလာပါတယ်။ ဒါပေမယ့် နာရီကို ကြည့်မိတော့ ၉ နာရီက ထိုးနေပြီ။ အချိန်က မရှိတော့ဘူးဆိုပြီး သူ့ဆီကို ဖုန်းထဲမှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ ပဲ ခေါ်လိုက်တယ်။ လက်တွေလဲ တုန်လို့။ သူ့ အမေကများလာကိုင်ရင် …ဆိုတဲ့ အတွေးလေးနဲ့ပါ။ ဖုန်းဆက်လိုက်တဲ့ အချိန် မှာ တော့ အရမ်းကို နားဝင် ချိုလှတဲ့ “ ဟလို ” ဆိုတဲ့ အသံလေးကို ကြားလိုက်ရတာပါပဲ။ အပြင်မှာ ချမ်းလွန်းလို့ တုန်နေတဲ့ အအေးဓါတ်တွေကလဲ ကြက်ပျောက် ငှက်ပျောက် ပဲ။ သူ့ အသံလေးက ဒီလောက်တောင် နွေးထွေးမှု ရှိတာ။ ပြောနေတဲ့ စကားလေးတွေတောင် မဆုံးသေးဘူး…ဖုန်းထဲမှာ ပိုက်ဆံက မရှိတော့ဘူး။ စိတ်တိုလိုက်တဲ့ ဖြစ်ခြင်းဗျာ။ ဒါပေမယ့် ဒီ စကားသံလေးတွေကတော့ ကျွှန်တော့် အတွက် အရမ်းကို နွေးထွေးစေခဲ့ပါတယ်။ ဒီလို ညမျိုးလေးကို ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ နောက်များအထိ တည်တံ့သွားဦးမှာပါ။ သူဆီကိုလဲ အမြဲ တမ်း ဖုန်းဆက်မယ်လို့ စိတ်ကူးထားတယ်။ ဒီ်9:00 Pm ဆိုတဲ့ အချိန်လေးက ကျွှန်တော် နဲ့ သူ့အတွက် သီးသန့် ကမ္ဘာလေး တစ်ခု ဖြစ်လာလိမ့်မယ်လို.လဲ မျှော်လင့်နေ၇တယ်။
သူ နဲ့ ကျွှန်တော် ရဲ့ နှစ်ယောက် ကမ္ဘာလေး တခု ဖြစ်ဖို. ကျွှန်တော် အရမ်းမျှော်လင့်နေတယ်ဗျာ။ သူဘက်ကရော……ဘယ်လိုလဲ ဆိုတာတေ …………..
သိပ်ချစ်ရပါတယ်……နတ်သမီးလေး ရယ် ။
Jan 19, 2008
ရင်ခုန်စရာ 9:00 Pm လေးရဲ့ အဆက် (၂ )
စာစဉ်များ ။
သူ့အကြောင်းလေးများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment