တွေးရင်းနဲ့ပဲ ကောင်လေးမျှော်တဲ့ နေ့လေးတနေ့က မျက်စိခဏမှိတ်ပြီးတာနဲ့ ရောက်လာတော့မယ်နော်။ ကောင်လေးရော ဒီည အိပ်လို့ ရပါ့မလား ။ ကောင်လေး ရင်ထဲမှာ ကုလားဘုရား ဒုန်းဆိုင်းနေပြီ ထင်ပါရဲ့။ ကောင်လေး သူမကို ချစ်နေမိတာ ။ ကောင်လေး ရူးနေတာ။ ဒါကိုရော သူချစ်သော ကောင်မလေး သိပါ့မလား။ ကောင်မလေးများ သူ့ကို မုန်းသွား မလားလို့ အတွေးတွေက ကြီးစိုးနေလိုက်တာ။ ကောင်လေး တကယ့်ကို ရင်ခုန်နေရပါပြီ။ ကောင်လေး စိုးရိမ် ပူပန်မှုတွေက အထွတ်အထိတ်ကို ရောက်နေပြီလေ။ မနက်ဖြန် ကောင်မလေး မြင်ချင်တဲ့ နှင်းတွေက တဖွဲဖွဲ တသဲသဲ နဲ့။ ကောင်မလေး လာမယ့် လမ်းကို လှမ်းကြိုနေ သယောင်ယောင်။ ကျောင်းက ပြန်တော့ နှင်းတွေက လမ်းပေါ် မှာ အပြည့်ပဲလေ။ ဖိနပ် မြုပ်မတတ် နှင်းတွေထဲ ကောင်လေး ရုန်းရင်း ကန်ရင်းနဲ့ပဲ ။ ပျော်စရာလဲ ကောင်းသလို လွမ်းစရာလဲ ကောင်းရပြန်တယ်။ ကောင်လေး သတိရမိတာက သူချစ်သော ကောင်မလေး ကိုပေါ့။ နှင်းတွေကို မြင်ရင် အရမ်းသဘောကျနေတဲ့ ကောင်မလေး။ နှင်းတွေ မြင်ချင်လို့တဲ့ ကောင်မလေးက ပြောတော့ ကောင်လေးက ပြတင်းတံခါး ဖွင့်ပြီး ကောင်မလေးကို ပြခဲ့တာလေ။ လက်တွေ့ မပြနိုင်တော့ webcam လေးနဲ့ ပေါ့။ သူပျော်နေတာကို ကြည့်ပြီး ကောင်လေး လဲ ပျော်ခဲ့ရတာပေါ့။ ကောင်လေးက ပျော်စရာလေး တွေပဲ ကောင်မလေးကို ပေးချင်တာပါ။ ဒါကို ကောင်မလေးလဲ သိလောက်ပါတယ်။ အဲဒီ အချိန်က ကောင်လေး တကိုယ်လုံး တစပ်စပ် တုန်နေတာ။ ကောင်မလေးက သူ့ ကို ကြည့် ပြီး ရီတယ်လေ။ ကောင်လေး ပြန်ရီိပြပေမယ့် Keyboard နဲ့ တောင် typing မရိုက်နိုင်တော့တဲ့ ကောင်လေးရဲ့ လက်ကို ကောင်မလေး မြင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်လေး အရမ်းပျော်တယ်။ ကောင်လေးက သူမရဲ့ ပျော်ရွှင် မှုလေးတွေမှာ စီးမျောနေတာလေ။ ကောင်မလေး ပျော်ရင် ကောင်လေးက အလိုလို ပျော်နေတာ။ မနက်ဖြန် ကောင်မလေး ရောက်လာတော့မယ်။ ကောင်လေးနဲ့ အနီးဆုံးနေရာကို ရောက်လာမလား၊ ကောင်လေးနဲ့ အဝေးဆုံးကိုပဲ ထွက်ပြေးသွား မလားဆိုတာ သူချစ်သော ကောင်မလေး တစ်ယောက် ပဲ သိမှာပါ။ ဒါကို တွေးမိတိုင်း ကောင်လေး ရင်ခုန်နှုံးတွေက ပိုပို မြန်လာလေပဲလေ။ ကောင်လေး မျှော်လင့်သော အတွေးလေးတွေသာ အမှန်တကယ် ဖြစ်လာမယ် ဆိုရင်……………………
Jan 25, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment